Chapter 464

335 24 0
                                    

စာစဉ် 31 Chapter 464 ထူးဆန်းသော အသင်းနာမည်

၎င်းကို ပရိသတ် ဝန်ဆောင်မှုပေးသော ပုံစံတစ်မျိုးဟု သတ်မှတ်နိုင်ပေသည်။

ထင်ထားသည့်အတိုင်းပင် တင်ဆက်သူ၏ အသံနှင့်အတူ လူအုပ်ကြီးက အုတ်အုတ်ကျက်ကျက် ဖြစ်လာ ပေသည်။ လူတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားသော အမူအရာများ ပေါ်လာပြီး သူတို့၏ ဖုန်းများ ထုတ်၍ ဖန်သားပြင်ပေါ်မှ QR code ကို စကန် ဖတ်ကြသည်။

ငါးယောက်တစ်ဖွဲ့ ဖွဲ့ရန် လူလိုသောကြောင့် တစ်ချို့ဆိုလျင် နေရာမှာတင် အဖွဲ့ဖွဲ့ကြလေသည်။ ဤနေရာရှိ လူတိုင်းက ဂိမ်းပရိသတ်များ ဖြစ်သောကြောင့် သူတို့အတွက် အဖွဲ့ဖွဲ့ရန် မခက်ချေ။

"မြတ်စွာဘုရား၊ ငါတို့ တင်ဆက်သူတွေနဲ့ ပြိုင်ကစားရတော့မယ်ကွ၊ မိုက်လိုက်တာ၊ ငါတို့အားလုံး ဝင်ရင် အသင်းဖွဲ့လို့ ရပြီ၊ စမ်းကြည့်ရအောင်"

ရှန်းက QR Code ကို စကန်ဖတ်ရန် တုံ့ဆိုင်းမနေဘဲ ဖုန်းကိုထုတ်လိုက်သည်။

"အိုက်ယား၊ ငါတို့ အရွေးခံရရင် ဘယ်လိုလုပ်မလဲ၊ ဒီလောက် လူတွေအများကြီးရှေ့မှာ Dota ကစားဖို့ ငါ နည်းနည်း ရှက်တယ်ကွ"

ဟောင်ကျန်းက ပြုံး၍ ပြောလေသည်။

စိတ်လှုပ်ရှားနေသော လူအုပ်ကြီး၏ အသံ ငြိမ်သွားသည်နှင့် အစီအစဉ် တင်ဆက်သူက ဆက်ပြောလေသည်။

"ကဲ ကျွန်တော်တို့ရဲ့ ဒုတိယ နတ်သမီးလေးကို စင်ပေါ် တက်လာဖို့ ကြိုဆိုလိုက်ရအောင်၊ သူမက အလှအပရော အရည်အချင်းပါ ရှိတဲ့ ချစ်စရာ အသံလေးနဲ့ ဝူအာ ဖြစ်ပါတယ်"

စင်ပေါ်သို့ လျှောက်လှမ်းလာသူက အပြာရောင် ဂါဝန်လေးနှင့် မိန်းမပျိုလေး တစ်ယောက် ဖြစ်သည်။ သူမတွင် ပခုံးထိ ရှည်သော ဆံနွယ်များ ရှိပြီး လိပ်ပြာပုံပါသည့် ပန်းရောင် ဘီးကုပ်လေး တပ်ထားသဖြင့် ချစ်စရာကောင်း၍ တက်ကြွသော အသွင်အပြင်ကို ပေးစွမ်းနေသည်။ သူမက အရပ်မရှည်သော်လည်း သူမကို ချစ်စရာ ကောင်းပုံ ပေါ်စေသည့် ကလေးမျက်နှာလေး ရှိပေသည်။

အလွန် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်ပင်။

"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မက ဝူအာပါ၊ ရှင်တို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်နော်"

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now