Chapter 472

308 28 0
                                    

စာစဉ် 32 Chapter 472 မင်း အဲ့ဒါကို လက်လွှဲပေးရမယ်

သီးသန့်အခန်းတွင်း၌ အခြားလူတစ်ယောက်က စောင့်နေသည်။ ထိုသူမှာ လူငယ်လေး တစ်ယောက် ဖြစ်သည်။ သူ့အသက်က ရဲ့လင်းချန်နှင့် ရွယ်တူလောက် ဖြစ်လောက်ပြီး မစ္စတာရှားနှင့် မျက်နှာဆင်လေသည်။

"ဥက္ကဋ္ဌရဲ့၊ ဒါ ငါ့သား ရှားကျွင်း"

ဒါရိုက်တာရှားက မိတ်ဆက်ပေးသည်။

"ပြောရမှာတော့ ရှက်ပါတယ်၊ သူက ဥက္ကဋ္ဌရဲ့နဲ့ အသက် အတူတူပဲ ဆိုပင်မယ့် မင်းတို့ နှစ်ယောက်ကြားက ခြားနားမှုက မိုးနှင့်မြေလိုပါပဲ၊ သူ့မှာသာ မင်းအရည်အချင်းရဲ့ တစ်ဝက်လောက်သာ ရှိမယ်ဆိုရင် ငါ အိပ်မက် ထဲမှာတောင် ပြုံးမိလောက်တယ်"

*ဟီးဟီး ... သူ့မှာသာ ငါ့အရည်အချင်း တစ်ဝက်လောက်သာ ရှိမယ်ဆိုရင် သူ နတ်ဘုရားလို ဖြစ်နေလောက်ပြီ*

ရဲ့လင်းချန်သည် စိတ်ထဲမှနေ၍ ပြန်ပြောလိုက်သည်။ သူ ပါးစပ်မှ ထုတ်မပြောသော်လည်း ရှားကျွင်းအား တစ်ချက်သာ ကြည့်လိုက်သည်။

ရှားကျွင်းထံမှ ထွက်ပေါ်လာနေသော ရန်လိုမှုကို သူ ခံစားမိသည်။ သူသည် လူငယ်တစ်ဦးသာ ဖြစ်ပေသေးသည်။ သူ၏ အတွင်းစိတ်ကို လုံးဝ ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။

"ဥက္ကဋ္ဌရဲ့ ထိုင်ပါဦး"

မစ္စတာရှားက တလေးတစား ပြောသည်။

ရဲ့လင်းချန်က ခေါင်းညိတ်၍ ယဉ်ကျေးမနေဘဲ တန်းထိုင်လိုက်သည်။

"ဥက္ကဋ္ဌရဲ့၊ ဝမ်ရုံနည်းပညာက ငါတို့ ဆယ်စုနှစ်နဲ့ချီပြီး ကြိုးစားအားထုတ်ခဲ့တဲ့ ရလဒ်ပဲ၊ အစက ကျုပ်တို့ အဲ့ဒါ ပြိုလဲ ပျက်စီးတာကို မတတ်သာဘဲ ကြည့်နေခဲ့ရတယ်၊ မင်းက အခြေအနေကို ပြောင်းလဲအောင် လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ဒီလိုအရည်အချင်းတွေက ငါတို့ကို မင်းကို တကယ် လေးစားမိလာစေတာပဲ"

ဒါရိုက်တာကျားက ဆက်၍ တလေးတစား ချီးမွမ်းလေသည်။

"ဒါ အသေးအဖွဲကိစ္စလေးပါပဲ"

ရဲ့လင်းချန်က အေးစက်စွာ ပြန်ပြောလိုက်သည်။

"မင်းအတွက် ဒါက အသေးအဖွဲ ကိစ္စလေး ဖြစ်လောက်ပင်မယ့် ငါတို့အတွက်ကတော့ မဖြစ်နိုင်တဲ့ ကိစ္စကြီးပဲ၊ ဒါက ငါတို့အသက်တွေကို ကယ်လိုက်တာနဲ့ အတူတူပဲ"

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now