စာစဉ် 35 Chapter 522 ဟမ့် ရေတွင်းအောက်ခြေက ဖားကများ
ရဲ့လင်းချန် သင်ယူခြင်း ပင်လယ်ထဲမှ ပြန်သတိဝင်လာချိန်တွင် စစ်သည်တော်ဌာနမှ လူများသည် သူတို့၏ တာဝန်များ ပြီးမြောက်ပြီး ပြန်လာနေကြသည်။
ဤနေရာမှ အခြေအနေနှင့် ပတ်သက်၍ အထက်လူကြီးများကို အစီရင်ခံစာ တင်ပို့ပြီးနောက် ယင်းက အထက်ပိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားပြီး အခြေအနေက ပို၍ ချောမွေ့စွာ ကိုင်တွယ်နိုင်သော သိုင်းပညာရှင် တစ်ဖွဲ့ကို ထပ်မံ၍ စေလွှတ်လိုက်သည်။
စမ်းသပ်မှုများမှ သားရဲများဖြစ်စေ၊ သန္ဓေပြောင်း လူသားများဖြစ်စေ၊ သတင်းအချက်အလက်များ ဖြစ်စေ၊ မည်သည့်အရာကမှ ပေါက်ကြား၍ မဖြစ်ချေ။ လာမည့်ရက်များတွင် ဤအဆောက်အဦး ပတ်ဝန်းကျင်အား တင်းကြပ်စွာ တားမြစ် ပိတ်ပင်ထားပြီး သုတေသနအား ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားမည်ဟု ခန့်မှန်းရသည်။
ထိုအပိုင်းက ရဲ့လင်းချန်နှင့် ဘာမှမဆိုင်ချေ။ သူသည် စစ်သည်တော်ဌာန၏ လှုပ်ရှားမှုများ၌ ပူးပေါင်းပါဝင်ရုံသာ ရှိသည်။
သို့သော် ရဲ့လင်းချန်နှင့် လင်းအောင်တို့သည် အဆောက်အဦးထဲမှ ထွက်လာသောအခါ အသိတစ်ယောက်နှင့် ဆုံလေသည်။
"အစ်ကိုလင်း၊ အစ်ကိုရဲ့"
ဝူယွဲ့နှင့် အခြားသူများသည် တိရစ္ဆာန် အလောင်းများ ဖယ်ရှားရန် တာဝန်ကျလေသည်။ သူတို့သည် ရဲ့လင်းချ န်တို့ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားပြီးနောက် သူတို့နားသို့ စိတ်လှုပ်ရှားစွာ ဝိုင်းလာကြသည်။
မကြာခင်မှာပင် သူတို့ သတိဝင်လာပြီး မတ်မတ်ရပ်၍ ရဲ့လင်းချန်နှင့် လင်းအောင်ကို အလေးပြုလေသည်။
"စစ်သည်တော်ဌာနက နဂါးအဖွဲ့ရဲ့ အဖွဲ့ကိုး ကပ္ပတိန် ဝူယွဲ့က နှုတ်ဆက်ပါတယ် ဆာ"
သူ့အနောက်မှ လူတစ်စုသည်လည်း မတ်မတ်ရပ်၍ အလေးပြုသည်။
"နှုတ်ဆက်ပါတယ် ဆာ"
"သက်တောင့်သက်သာ နေပါ၊ ငါတို့အားလုံးက ညီအစ်ကိုတွေကပဲကို၊ ဒီလိုလုပ်ဖို့ မလိုဘူး"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️