စာစဉ် 32 Chapter 478 ဒီကောင်က ငကြောင်ပဲ
*သူ့ဘာသာသူ အပြည့်အဝ ပျော်ရလိမ့်မယ် ဟုတ်လား*
ခိုအိချီ မသိမသာ မျက်ခုံးပင့်သွားပြီး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားရသည်။ သူ တစ်ခဏမျှ ငိုင်နေမိသည်။
ကမ္ဘာမြေ၏ ဂိတ်တံခါး အဖွဲ့အစည်းသည် သူ ငယ်စဉ်ကတည်းက သူ့အပေါ် မျက်စိကျခဲ့ပြီး ထိုအချိန်မှစ၍ သူ သိုင်းပညာကို လေ့ကျင့်ခဲ့သည်။ သူ၏ ထူးခြားသော အရည်အချင်းနှင့် အလျှော့မပေးသော အကျင့်စရိုက်ကို အားထား၍ သိုင်းပညာရှင်၏ ရက်စက်သော လောက၌ သွေးခင်းလမ်းကို လျှောက်လမ်းကာ သိုင်းပညာ၏ အမြင့်သို့ တက်လှမ်းခဲ့သည်။
ဤအတောအတွင်း သူသည် မယုံနိုင်လောက်သော တာဝန်များကို ထမ်းဆောင်ခဲ့ပြီး များစွာသော ရန်သူများနှင့် ရင်ဆိုင်ခဲ့ရသည်။ အမြဲတမ်း ကပ်သီးလေး လွတ်မြောက်ခဲ့သော်လည်း အခြေအနေတိုင်းက သူ၏ တိုးတက်မှု အတွက် လှေကားထစ်များအဖြစ် ပံ့ပိုးပေးခဲ့သည်။
အိုးရန်ချင်းနှင့် အခြားသူများ မဆိုထားနှင့် ခိုဂျီတောင်မှ အံ့ဩသွားလေသည်။ ထိုအခိုက်တွင် သူက ရဲ့လင်းချန်အား ရှုပ်ထွေးသော အမူအရာနှင့် ကြည့်နေလေသည်။
ခိုအိချီ၏ ခွန်အားက လုံးဝ သိသာနေသော်လည်း ရဲ့လင်းချန်က ကြည့်ကောင်းသော အရာဟု မြင်သည်ထက် မပိုချေ။ သူ့စကားက လူတိုင်းကို မယုံနိုင်လောက်အောင် ဖြစ်သွားစေသည်။
ရဲ့လင်းချန်၏ အမူအရာက ထိုသို့ တကယ် မြင်နေပုံရသည်။
*ဒါက တကယ်လား ဒါမှမဟုတ် ဟန်ဆောင်နေတာလား*
ထိုစဉ် ရဲ့လင်းချန် ဆက်ပြောလာသည့် စကားကို သူတို့ ကြားလိုက်ရသည်။
"ငါ အရင်က မင်းတို့ ကမ္ဘာမြေရဲ့ ဂိတ်တံခါးက လူတွေနဲ့ ကြုံဖူးတယ်၊ မင်းရဲ့ ကွန်ဖူးက သာမန်ပဲ၊ သာမန်လူတွေထက် နည်းနည်းလေး ပိုသာရုံပဲ ရှိတယ်၊ မင်းက ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်တဲ့သူ တစ်ယောက် သက်သက်ပဲ၊ ငါ ဆန္ဒရှိတဲ့အချိန်တိုင်း မင်းကို ငါ အနိုင်ယူနိုင်တယ်၊ မင်းအစ်ကိုကိုလည်း အတူတူပဲ၊ ကမ္ဘာမြေရဲ့ ဂိတ်တံခါးက မထိုက်တန်တဲ့ ကျော်ကြားမှု ရထားတယ်လို့ ငါ အစကတည်းက ထင်နေတာ၊ သူတို့လူတွေက လူမိုက် သက်သက်ပဲ"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️