စာစဉ် 28 Chapter 414 ချီများ လာစုစည်းသောနေရာ
"မစိုးရိမ်ပါနဲ့၊ မင်းတို့ ငါ့နောက် လိုက်ခဲ့ပြီးမှတော့ ငါ မင်းတို့ကို အဆာခံခိုင်းပါ့မလား"
ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။
သူက ခေါင်းကိုမော့၍ အပေါ်ကို ကြည့်လိုက်သည်။ သို့သော် သူ့မျက်လုံးတွင် ထူးဆန်းသော အရောင်တစ်ခု လက်ခနဲ ဖြတ်ပြေးသွားသည်။
"ငါတို့ သွားရမယ့်နေရာက သိပ်မဝေးတော့ပါဘူး"
နဂါး အမဲလိုက်ခြင်း နည်းပညာနှင့် သူသည် ခရိုင်တစ်ခု၏ ဧရိယာတစ်ခုကို ဆုံးဖြတ်နိုင်သည်။ ခရိုင်တစ်ခုအား ပညာရပ် ဝေါဟာရအနေနှင့် ပြောရလျင် အရှိန်အဝါတစ်ခု သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအင်ဟု ခေါ်ဆိုနိုင်ပေသည်။
ရဲ့လင်းချန်၏ မျက်လုံးထဲတွင် ရှေ့တည့်တည့်မှ နေရာတစ်ခုသည် တောင်၏ စိတ်ဝိညာဉ် စွမ်းအင် အများဆုံး ရှိသည့် နေရာတစ်ခု ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျင် နေရာတစ်ခု၏ အရှိန်အဝါကို မျှတစွာ ဖြန့်ဝေထားသင့်ပေသည်။ သို့မဟုတ်ပါက များများစားစား ကွာခြားနေမည် မဟုတ်ပါ။ သို့ရာတွင် ဤတောင်သည် ပုံမှန်စံနှုန်းများနှင့် ကွဲပြားနေပြီး ၎င်း၏ အရှိန်အဝါ ငါးဆယ် ရာခိုင်နှုန်းနီးပါးက တစ်နေရာတည်း၌ စုဝေးနေ၏။
ယင်းက ကြောက်စရာကောင်းသော အရာတစ်ခုပင်။
ထိုနေရာရှိ ကောင်းကင်ယံ၌ ခပ်ဖျော့ဖျော့ ခရမ်းရောင် စွမ်းအင်တစ်ခု စီးဆင်းနေသည်ကို ရဲ့လင်းချန် မြင်နေရသည်။ ယင်းမှာ စိတ်ဝိညာဉ်စွမ်းအင် အများအပြား စုဝေးလွန်းနေ၍ ဖြစ်ပေါ်လာသော လက္ခဏာ တစ်ခုပင်။ အခြား ဧရိယာများတွင်မူ တိတ်ဆိတ် ငြိမ်သက်နေ၏။
ထို့ကြောင့်ပင် လမ်းတစ်လျှောက်လုံး ဘာငါးမှ ရှိမနေခြင်း ဖြစ်လေသည်။
ထိုသို့ဖြစ်ရခြင်းမှာ တိရစ္ဆာန်များသည် အရှိန်အဝါကို ပို၍ ခံစားနိုင်ပြီး အရှိန်အဝါ ပိုများသော နေရာ၌ စုဝေးတတ် ကြသောကြောင့်ပင်။
ထိုနေရာ၌ သူ ချီသန့်စင်ပါက တစ်ဝက်လောက် အားထုတ်သည်နှင့် နှစ်ဆလောက် ရနိုင်ပေသည်။ တစ်ချိန်တည်းမှာပင် ယနေ့မနက် အရှေ့ဘက်မှလာသော ခရမ်းရောင်ချီက ဤနေရာမှာ မူမမှန်မှုနှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်ဟု ရဲ့လင်းချန် တွေးမိသည်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️