Chapter 424

407 30 3
                                    

စာစဉ် 29 Chapter 424 ခေါင်းစားခြင်း

"ဒီနည်းလမ်းက ပိုယုံကြည်ရတယ်လို့ ထင်တယ်"

ဟွမ်လေ့ ခေါင်းညိတ်သည်။

သူတို့သည် အချိန်တစ်ခုအထိ ဆွေးနွေးပါသော်လည်း ပိုကောင်းသော အတွေး ထွက်မလာချေ။ သို့နှင့် သူတို့က ရဲ့လင်းချန်ကို လှမ်းကြည့်၍ ပြောလိုက်သည်။

"ငါတို့ တစ်ယောက်ပခုံးကို နင်းပြီး အပေါ်ကို တက်မယ်ဆိုတဲ့ အဖြေကို ရွေးဖို့ ဆုံးဖြတ်လိုက်ပြီ"

"ခင်ဗျားတို့ သေချာပြီလား"

ရဲ့လင်းချန် မေးလိုက်သည်။ အဖွဲ့က ခေါင်းညိတ်ပြလေသည်။

"ဂုဏ်ယူပါတယ်၊ ခင်ဗျားတို့အဖြေ မှားသွားပါပြီ"

"ဟင် ဘာလို့လဲ"

ကျောက်လျန့်ရင် စိတ်ရှုပ်ထွေးသွားသည်။

"ငါတို့ ဘာလို့ ပြန်မတက်နိုင်တာလဲ"

"ဟုတ်တယ်၊ ငါတို့ ဒီမေးခွန်းအတွက် ပန်းပေးတယ်၊ ငါတို့ကို အဖြေပြော"

ဟယ်ကျားက ပြောသည်။ ရဲ့လင်းချန်က ခပ်ယဲ့ယဲ့ ပြုံးနေသည်။

"ကျွန်တော်တို့ ခင်ဗျားတို့ ခေါင်းထဲက ရေတွေကို လောင်းချပြီး ရေကူးတက်လာရုံပဲလေ"

"သေစမ်း မင်း အခု ငါတို့ကို စော်ကားလိုက်တာလား၊ ဘာလို့ ငါတို့ခေါင်းထဲမှာ အဲ့လောက် ရေတွေ အများကြီး ရှိမှာလဲ"

ဟွမ်လေ့က မျက်နှာ ရှုံ့မဲ့နေ၏။

"ရေတွေနဲ့ ပြည့်မနေရင် ခင်ဗျားတို့ ဘာလို့ ခုန်ချမှာလဲ"

ရဲ့လင်းချန်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်၍ သူ့ကို ပြန်မေးခွန်းထုတ်လိုက်သည်။

"ဒါက..."

တစ်ဖွဲ့လုံး မှင်တက်သွားသည်။

*ဟုတ်သားပဲ၊ ငါတို့က ဘာလို့ ခုန်ချရမှာလဲ*

[ခွီး ... ဟားဟားဟား အဲ့အဖြေမှာ လုံးဝ အမှားမရှိဘူးဟေ့]

[အမှန်ပဲ၊ ဦးနှောက်ထဲ ရေတွေပြည့်နေတဲ့သူပဲ အဲ့ဒီထဲကို ခုန်ချမှာ၊ ရဲ့နတ်ဘုရားက တော်တော် ဆိုးတာပဲ]

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now