စာစဉ် 35 Chapter 513 ဆင်းရဲသားက သန္ဓေပြောင်းလဲခြင်းကို မှီခိုပြီးတော့ သူဌေးက နည်းပညာကို မှီခိုတယ်
"ဒါက ဘာလဲ"
သခင်လေး ထာခဲရှီသည် ခြေရာကို ကြည့်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ကြမ်းပြင်အတွက် သူတို့ အသုံးပြုခဲ့သော ဆောက်လုပ်ရေး ပစ္စည်းများသည် ကျည်ကာသော ပစ္စည်းများ ဖြစ်သော်လည်း အကြီးအကဲ ဟီရှိုရှီက ခြေရာထင်အောင် အသာလေး လုပ်နိုင်စွမ်း ရှိသည်။ ထိုခြေရာ၏ နောက်ကွယ်မှ ခွန်အားသည် အလွန် အံ့ဩဖွယ် ကောင်းနေလေသည်။
"ဟဲဟဲ ငါက ၁၁၃ နှစ်ကြာအောင် နေလာခဲ့တာလေ၊ ငါက မင်းထက် ပိုပြီး အတွေ့အကြုံ ရှိပြီးတော့ ပိုသိတယ်၊ အရင်တုန်းက ငါလည်း သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့တယ်၊ အတွင်းအား သုံးနိုင်တဲ့ သိုင်းပညာရှင် ဖြစ်ခဲ့တာပေါ့၊ နောက်ပိုင်းကျတော့ လူ့ခွန်အားက အကန့်အသတ် ရှိနေတာကို ငါ တွေ့ခဲ့ပြီးတော့ ပိုသန်မာလာအောင် အခြားနည်းလမ်းတွေ ရှာခဲ့တာပဲ"
အကြီးအကဲ ဟီရှိုရှီက ရယ်နေသည်။
"ဒီတစ်ရာတစ်ဆယ့်သုံးနှစ်အတွင်းမှာ ငါ အများကြီး ရှာဖွေတွေ့ရှိခဲ့ပြီးတော့ အသိပညာ ဗဟုသုတတွေ အများကြီး ရခဲ့တယ်"
"ဒါက ငါ့ပညာတွေ စုပေါင်းထားတဲ့ အနှစ်သာရပဲ၊ ကောင်းကောင်း မှတ်ထား"
အကြီးအကဲ ဟီရှိုရှီက လေးနက်စွာ ပြုံးနေသည်။
"ဆင်းရဲသားက သန္ဓေပြောင်းလဲခြင်းကို မှီခိုပြီးတော့ လူချမ်းသာက နည်းပညာကို မှီခိုတယ်၊ ငါ့အတွက် ခွန်အားထက် သာတာ မရှိတော့ဘူး"
သခင်လေး ထာခဲရှီ၏ မျက်လုံးများ တောက်ပသွားသည်။ သူ့စကားများကြောင့် စိတ်ဓာတ် တက်ကြွသလို ခံစားလိုက်ရပြီး ဉာဏ်အလင်း ရလိုက်သလိုပင်။ သူ ချက်ချင်း ပြန်ပြောလိုက်သည်။
"အကြီးအကဲ ဟီရှိုရှီရဲ့ ဉာဏ်ပညာက တကယ်ကို ထူးခြားပါပေတယ်၊ ပညာရှိလိုက်တဲ့ စကားပဲ"
"ဟားဟား ငါ ဒီစကားလုံးတွေကို သိနားလည်လာတဲ့အချိန်က ငါ အသက်ကြီးရင့်နေတဲ့အချိန် ဖြစ်နေတာက နှမြောစရာပဲ၊ မဟုတ်ရင် ငါ ဒီအဆင့်ပဲ ရှိနေမှာ မဟုတ်ဘူး"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️