Chapter 483

323 24 0
                                    

စာစဉ် 33 Chapter 483 ဒါ ငါ ဆုံးရှုံးသွားတဲ့ ငယ်ရွယ်မှုပဲ

"ဟုတ်တယ်၊ ဒီလို ပစ္စည်းမျိုးတွေကို ငါတို့နိုင်ငံမှာ ရောင်းဖို့ ကြိုးစားတာက အရူးတစ်ယောက်ရဲ့ အိပ်မက်ပဲ"

"ဒါကို ကြည့်ပါဦး၊ ပုံစံက LV ရဲ့ အကန့်အသတ်ထုတ် ပစ္စည်းနဲ့ တစ်ထေရာတည်းပဲ၊ တရုတ်တွေက အရင်လို ကူးချတာနဲ့ ရှေ့ရောက်နိုင်မယ်လို့ ထင်နေတာလား"

"အင်း ... ဒီတစ်ခုက ပိုပြီး ရယ်ရသေးတယ်၊ သူတို့က ဒါကို နှစ်သောင်းလို့ ဈေတပ်ရဲတဲ့ သတ္တိရှိတာပဲ၊ ဈေးကြီးတာက တန်ဖိုးကြီးတာနဲ့ အတူတူပဲလို့ ထင်နေတာတော့ မဟုတ်ဘူးမလား"

"ဘာပဲဖြစ်ဖြစ် တရုတ်က နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ သူတို့က ကိုယ်ပိုင် တန်ဖိုးကြီး အမှတ်တံဆိပ်တွေ ထုတ်လုပ်နိုင်ဖို့ အဝေးကြီး လိုနေသေးတယ်"

...

နိုင်ငံခြားသားများက တရုတ်ထုတ်ကုန်များကို အထင်သေးသော အမူအရာနှင့် ဝေဖန်လေသည်။

သူတို့သည် မတူညီသော နိုင်ငံများမှ ဖြစ်သော်လည်း တရုတ်နိုင်ငံတွင်း၌ တရုတ်စကားကို ပြောရမည့်အစား အင်္ဂလိပ်လိုသာ ပြောကြသည်။

ဟန်မိန်မိန်သည် အင်္ဂလန်မှ လာသူဖြစ်ပြီး တန်ဖိုးကြီး ပစ္စည်းများ၏ အနုပညာရသကို နားလည်ကျွမ်းကျင်သူ ဖြစ်သည်။ သူမမျက်လုံးများက ထိုင်းမှိုင်းနေသလို ဖြစ်နေသော်လည်း အထူးကိရိယာ မလိုအပ်ဘဲ ပစ္စည်း အများစုကို တစ်ချက်ကြည့်ရုံနှင့် ၎င်းတို့၏ ဆွဲဆောင်မှုကို အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။

"နေ့တိုင်းက အတူတူပဲ၊ အရမ်း ပျင်းဖို့ကောင်းတယ်"

ဟန်မိန်မိန်က သမ်းဝေ၍ ရေရွတ်သည်။

သို့သော် ရုတ်တရက်ဆိုသလိုပင် သူမအကြည့်က တစ်စုံတစ်ရာထံ ကျရောက်သွားပြီး သူမနှလုံးသားက ဒိတ်ခနဲ ဖြစ်သွားသည်။ ပစ္စည်းတစ်ခုက သူမ၏ အာရုံကို ဖမ်းစားသွားလေပြီ။

သူမကို ဖမ်းစားနိုင်သည့် တစ်စုံတစ်ရာအား မမြင်ရသည်မှာ မည်မျှ ကြာသွားခဲ့ပြီလဲ။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now