Chapter 462

376 26 0
                                    

စာစဉ် 31 Chapter 462 လက်မှတ်တစ်ခု၏ မှော်စွမ်းအား

"ရှောင်ရဲ့၊ မင်း အားတယ်ဆိုရင် ငါတို့နဲ့ လိုက်ခဲ့ပါလား၊ ပွဲမှာ 2D ကောင်မလေးတွေ အများကြီးပဲ၊ သူတို့က လုံးဝကို ကြည့်လို့ကောင်းတယ်ကွ"

ဟောင်ကျန်းက ပြောလေသည်။

"ဟုတ်တယ်၊ အရမ်းလည်း ဝေးတာ မဟုတ်ဘူး၊ သူတို့က ငါတို့ တက္ကသိုလ်မြို့လေးကို လာတာလေ၊ မသွားရင် နာတယ်ကွ"

ရှောင်ကမ်းက ခေါင်းညိတ်၍ သဘောတူသည်။

ထို့နောက် အာလူးလေးက ပြောသည်။

"ရှောင်ရဲ့၊ မင်း Dota ကို ကောင်းကောင်း ကစားတတ်တာပဲ၊ မင်း ကိုးလ်နဲ့ ဝူအာကို ကြားဖူးမှာပေါ့၊ သူတို့ နှစ်ယောက်က Dota လောကက အကောင်းဆုံး နတ်သမီးလေးတွေပဲ၊ ဒီတစ်ခေါက် သူတို့ ပါမယ်လို့ ငါ ကြားထားတယ်"

ရဲ့လင်းချန်၏ အမူအရာက မသိမသာ ပြောင်းလဲသွဦးသည်။ တင်ဆက်သူများကို စီးပွားရေး အစီအစဉ်များ၌ ပါဝင်ခွင့်ပြုရန် စုန့်ချမ် သူ့အား ပြောခဲ့သည်ကို ပြန်သတိရသွားသည်။ Anime ပွဲကလည်း ထိုသို့သော အစီအစဉ်များထဲမှ တစ်ခု ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ၎င်းက တင်ဆက်သူနှင့် ပလက်ဖောင်း နှစ်ခုလုံး၏ ကျော်ကြားမှုကို တိုးလာနိုင်သည်။ နောက်ကွယ်မှနေ၍ အရာအားလုံးကို ပြုလုပ်ပြီး အပြင်လောကနှင့် ပြတ်တောက်နေသည်က အဆင်မပြေပါ။

ဂိမ်းဇာတ်ကောင်များအား 2D ဟု သတ်မှတ်နိုင်ပြီး Anime ပွဲများတွင် ဂိမ်းပြပွဲများ ပြတ်လပ်သွားခြင်း မရှိပါ။

တကယ်တမ်းတွင် သူသည် သူမတို့အား ယခင်က လက်တွေ့ဘဝ၌ တစ်ခါမှ မမြင်ဖူးပါ။ ထို့ကြောင့် မသွားစရာ အကြောင်းမရှိပါ။ သူတို့ကို သွားကြည့်၍ သူတို့၏ ပုံစံအမှန်ကို သိချင်မိသည်။

တိုက်ရိုက် ထုတ်လွှင့်ခြင်း နယ်ပယ်သည် လတ်တလော နှစ်များတွင်မှ ပေါ်လာခြင်း ဖြစ်သည်။ ကနဦး ကျော်ကြားလာပြီး နောက်ပိုင်း တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ဖြစ်သွားလေသည်။ ထိုအတောအတွင်း မရေတွက်နိုင်သော လူရယ်စရာများ ပေါ်လာခဲ့သည်။ လူပြောအများဆုံး ခေါင်းစဉ်မှာ အမျိုးသမီး တင်ဆက်သူ၏ ရုပ်ရည် အစစ် ဖြစ်သည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now