စာစဉ် 37 Chapter 543 အထိန်းအကွပ်မဲ့ခြင်း၊ မမျှော်လင့်ထားသော အခြေအနေ
လျှိုချွမ်က သန့်စင်ခန်းတံခါးဝ၌ အိပ်ပျော်နေသည်ကို ဘယ်သူမှ မသိကြပေ။ သူသည် အိပ်မက်ဆိုး မက်နေသကဲ့သို့ မကြာခဏ မျက်မှောင်ကြုတ်နေပြီး ခန္ဓာကိုယ်က လူးလိမ့်နေ၏။
လက်ရှိအချိန်၌ စင်မြင့်က ဗလာကျင်းနေသောကြောင့် လူတိုင်း တိတ်ဆိတ်နေလေသည်။
"ဒါက ..."
ချင်ပိုင်ချွမ်း၏ အမူအရာက ချက်ချင်း မပျော်ရွှင်ပုံ ပေါ်လာသည်။
တစ်ယောက်က ထွက်ပြေးသွားပြီး နောက်တစ်ယောက်က သန့်စင်ခန်းသွားပြီး အတော်ကြာသည်အထိ ပြန်မရောက် လာသည်က တိုက်ဆိုင်လွန်းလှသည်။
"တစ်ခုလောက် ပြောချင်ပါတယ်"
ထိုစဉ် သူအဖွဲ့နှင့် အတူရှိနေသည့် ကျန့်ယွီက စကားစ လာသည်။
"ပြော"
"ဆာ ကျွန်တော် ရဲ့လင်းချန်ရဲ့ အကဲဖြတ် နည်းပြ ဖြစ်ချင်ပါတယ်"
ကျန့်ယွီက လေးနက်သော အမူအရာနှင့် ပြောလာသည်။
"ဟမ်"
ချင်ပိုင်ချွမ်းနှင့် အခြားသူများအားလုံးက ကျန့်ယွီအား ကြည့်လာကြသည်။
"အကြောင်းရင်းက"
"ကျွန်တော် လက်မခံနိုင်လို့ပါ"
ကျန့်ယွီက တင်စီးသော အမူအရာမျိုးလည်း မဟုတ်၊ နှိမ့်ချသော အမူအရာလည်း မဟုတ်သည့် ပုံစံဖြင့် ပြန်ပြောသည်။ သို့သော် သူ့လေသံက အလွန် အေးစက်နေ၏။
"ရဲ့လင်းချန်ရဲ့ စစ်ရေး အောင်မြင်မှုတွေကို ကျွန်တော် မငြင်းပါဘူး၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ရာထူးကို အောင်မြင်မှု တစ်ခုတည်းနဲ့ ကျွန်တော် မဆုံးဖြတ်နိုင်ဘူး၊ ရဲ့လင်းချန်ရဲ့ သိုင်းပညာ အရည်အချင်းကို ကျွန်တော် အရင်က တစ်ခါမှ မမြင်ဖူးဘူး၊ ဒါက ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး၊ စစ်သည်တော်ဌာနက လူတော်တော်များက ရဲ့လင်းချန် လှုပ်ရှားမှုကို တကယ် တစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ သူ့အကျင့်စရိုက်က အရမ်း လူမိုက်ဆန်လွန်းတယ်လို့ ကျွန်တော် ထင်တယ်၊ ဒီက လူတိုင်းထက် သူက ပိုတော်တယ်လို့ ထင်နေတာ၊ သူက မောက်မာတယ်"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasíaChapter 401-600 I don't own this story!! All credit goes to Original Author! ✍️