စာစဉ် 30 Chapter 450 ငါ ပျင်းတယ်၊ ဘာလုပ်ရမလဲ
[အခုနှစ်တွေမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုက ပြင်းထန်တဲ့ ပြဿနာ တစ်ခု ဖြစ်လာပြီ၊ သနားစရာကောင်းတဲ့ ရဲ့နတ်ဘုရားလေး]
[ကျေးဇူးပြုပြီး သင့်တော်တဲ့ တာဝန်ယူပေးပါ၊ ငါတို့နိုင်ငံမှာ အနက်ရောင် စစ်သည်တော် ပေါ်လာဖို့က အရမ်း ရှားတယ်၊ ညစ်ညမ်းမှုက ဒါကို အတင်း နှင်ထုတ်လိုက်တာမျိုး အဖြစ်မခံပါနဲ့]
[ဟားဟားဟား မင်းတို့တွေ သတင်းကို မြင်ပြီးပြီလား၊ အစတုန်းက တုန်းချန်ရွာက လူတွေက မိစ္ဆာတစ်ကောင်က သူတို့ကို တိုက်ခိုက်နေတာလို့ ထင်နေတာကွ၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်]
[ရဲ့နတ်ဘုရား၊ မင်း လိပ်အိုကြီးရဲ့ ကျောပေါ်ကနေ နေရာတိုင်းကို ကူးသွားဖို့ ကြိုးစားနေတာလား]
...
ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် နေ့တစ်ဝက်မျှ ခရီးနှင်ပြီးနောက် တောင်ကျစမ်းရေ အိမ်ရာသို့ ရောက်ရှိလာသည်။
သူ ရေကန်ထဲမှ မထွက်လာခင်မှာပင် ချစ်ခင်သော အူသံများနှင့်အတူ အလျင်စလို ပြေးလာသော ခြေသံများကို သူ ကြားလိုက်ရသည်။
"ဒါ ဒယ်ဒီရဲ့ အနံ့ပဲ၊ ဒယ်ဒီ အိမ်ပြန်ရောက်လာပြီဟေ့"
"ဟင့်ဟင့်ဟင့်... နောက်ဆုံးတော့ ဒယ်ဒီ အိမ်ပြန်လာပြီကွ၊ ငါ သူ့ကို တအား လွမ်းနေတာ"
"ထူးဆန်းလိုက်တာ၊ ဒယ်ဒီက ခြံတံခါးကနေ ဝင်မလာဘူး၊ သူက တောင်နောက်ကနေ လာတာ"
"ဟမ် မတူတဲ့ အနံ့တစ်ခု ရှိနေသလိုပဲ"
ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ အသံက ရဲ့လင်းချန်၏ နားထဲသို့ တိုးဝင်လာပြီး သူ ပြုံးမိသွားသည်။ သူ ကြည်နူးသလို ခံစားလိုက်ရသည်။ ဤအကောင်ပေါက်လေး နှစ်ကောင်က သူ မွေးခဲ့မိသည်က အလကားဖြစ်ခဲ့ပုံ မပေါ်ပါ။
ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် အလွန်အမင်း လျင်မြန်လှသည်။ တစ်ခဏအတွင်း အရိပ်နှစ်ခုသည် ကွင်းကို ဖြတ်၍ ရဲ့လင်းချန်အနားသို့ ရောက်လာသည်။ သို့သော် ရဲ့လင်းချန်အနားမှ ကြီးမားသော ပုံရိပ်ကို သူတို့ မြင်သောအခါ ၎င်းက သူတို့ကို အတော်လေး ကြောက်လန့်သွားစေသဖြင့် သူတို့၏ ကျောပေါ်မှ မွေးများ ထောင်တက်လာပြီး အူသံက စူးရှကာ ကျယ်လောင်လာသည်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️