Chapter 503

309 25 0
                                    

စာစဉ် 34 Chapter 503 ညဉ့်နက်သန်းခေါင်၌ လိုက်လံဖမ်းဆီးခြင်း

ဗိုက်ပြည့်အောင် စားသောက်ပြီးနောက်။

ရဲ့လင်းချန်မှလွဲ၍ အခြားသော အမျိုးသားများအားလုံးသည် ကြမ်းပြင်ပေါ် လဲကျကုန်လေသည်။ အပြည့်အဝ မမူးသူဟူ၍ လီကျင့်နှင့် အလီသာ ရှိသည်။

သူတို့သည် ယခင်က ရဲ့လင်းချန်နှင့် လေ့ကျင့်ဖူးပြီး ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်း၌ သူတို့က ရှုနန်ထက် ပိုအတတ်မြန်လေသည်။ သူတို့ကို သင်ပေးသော သိုင်းကွက် သုံးကွက်ကို အလွယ်တကူ ပြန်ကျင့်နိုင်ပြီဖြစ်ကာ ရဲ့လင်းချန်က သူတို့ကို နောက်ထပ် သုံးကွက် ဆက်သင်ပေးရန် အသင့်ဖြစ်နေသည်။

ထို့ကြောင့် သူတို့၏ အယ်လ်ကိုဟောဒဏ် ခံနိုင်ရည်စွမ်းက ပို၍ ကောင်းလာလေသည်။

"သခင်လေးရဲ့၊ မင်း ... မင်း ... မင်းရဲ့ အယ်လ်ကိုဟော ခံနိုင်ရည်စွမ်းက နည်းနည်းလေး များတယ် မဟုတ်လား"

ဟူရီဖေးနှင့် အခြားသူများသည် အံ့ဩကာ ရဲ့လင်းချန်အား ဆွံ့အသော အမူအရာနှင့် ကြည့်နေကြသည်။

ရဲ့လင်းချန်က လူတစ်ဒါဇင်မျှနှင့် ခွက်ချင်းတိုက်ခဲ့သည်ကို သူတို့မျက်စိနှင့် တပ်အပ် မြင်ခဲ့ပါသည်။ အခြားသူများက တစ်ကြိမ်သာ သောက်ရန် လိုအပ်သော်လည်း သူသည် အကြိမ်တစ်ဒါဇင်မျှ သောက်ရန် လိုအပ်ပေသည်။ အခြားသူများ မူးသွားသော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် သူက ဘာမှဖြစ်ပုံ မပေါ်ချေ။

ဤသည်ကို အယ်လ်ကိုဟောဒဏ် ခံနိုင်ရည် မြင့်သည်ဟု မဆိုနိုင်ပါ။ ယင်းက လုံးဝကို ပုံမှန်မဟုတ်ခြင်းပင်။

"ဟားဟား ... မင်း ငါ့ကို ပြိုင်သောက်ဖို့ စိန်ခေါ်ရင် သေမင်းကို လုံးဝ တွေ့ရမှာ မဟုတ်ဘူး"

ရဲ့လင်းချန်က ခပ်မိုက်မိုက် မျက်နှာထားမျိုးနှင့် အသာပြုံးနေသည်။

"ယာဉ်မောင်းကို သူတို့ကို လာခေါ်ဖို့‌ ပြောလိုက်ပါ"

တစ်ညလုံး စားသောက်ပြီးနောက် အတော်လေး နောက်ကျနေလေပြီ။ အရက်မူးနေသော လူတစ်ယောက်ချင်းစီ အတွက် စီစဉ်ပြီးနောက် ရဲ့လင်းချန်သည် ထရပ်၍ အိမ်ပြန်ရန် ပြင်ဆင်လေ၏။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now