Chapter 113

1.6K 240 6
                                    

Chapter 113

ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို  ဆယ်နှစ်ခန့်မျှ တွယ်ကပ်ခဲ့ကြောင်း ကျင့်ကြံရေးလောကရှိ လူတိုင်း သိကြသည်။ ရှန်းလျိုရှန့်၏ တပည့်တစ်ဦးအနေနှင့် ကျိုးရွှမ်လန်က ပို၍သိရှိထားသည်။

ထိုအချိန်တွင် သူတို့နှစ်ဦးကြား၌ ဆရာတပည့်ဆက်ဆံရေးသာရှိခဲ့ပြီး တွေ့ဆုံ၍ အတူကုန်ဆုံးခဲ့သည့်အချိန်မှာလည်း လက်တစ်ဆုပ်စာခန့် မျှသာရှိခဲ့သည်။ ကျိုးရွှမ်လန်က ဤကိစ္စနှင့်ပတ်သက်၍ မည်သို့သောအတွေးမျှ မရှိခဲ့သော်ငြား ယခုတွင် စဉ်းစားမိလာ၍ အလိုမကျဖြစ်လာသည်။ သုံးဘဝကျောက်တုံးက မီးထဲသို့ လောင်စာထပ်ထည့်လိုက်သည့်နှယ်ပင် သူ့ကိုလူသတ်ချင်စိတ်များ ပြည့်လျှံသွားစေသည်။

ငါ့ရဲ့ သည်းခံနိုင်တဲ့အကန့်အသတ်ကို စမ်းသပ်နေတာမဟုတ်ဘဲ လာထိပါးနေတာပဲ...

ကျိုးရွှမ်လန်က အချိန်ကြာမြင့်စွာ စိတ်ထိန်းပြီးနောက် ရှန်းလျိုရှန့်၏ ဂရုမစိုက်သော အမူအရာကို တွေ့လိုက်ရသည်။ ထို့ကြောင့် ကျိုးရွှမ်လန်တစ်ယောက် သူဂရုမစိုက်ကြောင်းကို ခြောက်ကပ်စွာပြောလာကာ အဆုံးတွင် သူထပ်လောင်းပြောခဲ့သည်။

"ရှစ်စွမ်းက သူ့ကိုစာတွေအများကြီး ရေးခဲ့တာပဲ..."

ရှန်းလျိုရှန့်က ပြန်လည်မတုန့်ပြန်မီ တစ်ဒင်္ဂမျှ ရပ်တန့်သွားသည်။
"အနာဂတ်မှာ မင်းဆီကိုလည်း စာရေးပါ့မယ်..."

၎င်းစာများက မူလရှန်းလျိုရှန့်ရေးခဲ့သဖြင့် အထဲတွင် မည်သည့် အကြောင်းအရာများပါသည်ကို သူမသိချေ။ ကျိုးရွှမ်လန်သာလျှင် ၎င်းစာများကို မြင်ခဲ့ခြင်းဖြစ်သည်။ စာထဲတွင် 'နှလုံးသွေး'  'လရောင်ဖြူလေး'စသဖြင့် ပျင်းရိဖွယ် အချစ်စကားလုံးများနှင့် ပြည့်နှက်နေပေလိမ့်မည်။

ကျိုးရွှမ်လန်က ပြောလာသည်။
"ကျွန်တော် စာအိတ်မလိုချင်ဘူး..."

ရှန်းလျိုရှန့် မျက်ခုံးများ ပင့်ကာပြောလာသည်။
"မင်းက ဘာလိုချင်တာလဲ..."

လက်ဆောင်လား...ခန္ဓာကိုယ်လား...ငါ့ရဲ့လက်ရှိ ပိုင်ဆိုင်မှုက ဝိညာဉ်ကျောက်တုံးကလွဲလို့ ဘာမှ ရှိမနေဘူး...

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now