Chapter 129
သို့ရာတွင် သူက မည်သူ့ကိုမှ လက်ဖက်ရည်ကြမ်းမငှဲ့ခိုင်းဘဲ လက်ကာပြလိုက်ပြီး လက်ဖက်ရည်အမျိုးအစားများစွာကို ယူလာခိုင်းကာ စားပွဲပေါ် တင်ခိုင်းထားလိုက်သည်။
" မင်းသားလေးက တခြားလူတွေထက် အဆင့်အတန်းမြင့်တဲ့သူပဲ... စာလိပ်တစ်လိပ်ကြောင့် ရှန့်ချီတောင်ကနေ နတ်ဆိုးမြို့တော်အထိ မိုင်ထောင်ချီ ခရီးနှင်လာရတာ တော်တော်လေး ခက်ခဲမှာပဲ..."ရှုရှင်းချန်က ဇဝေဇဝါဖြစ်သွားသည့် အမူအရာဖြင့် ပြောလိုက်သည်။
" နေရာကူးပြောင်းအစီအရင် ရှိနေတာပဲ ဘာများပင်ပန်းလို့လဲ..."ဟမ်ကျု့ယင် မပြုံးဘဲ မနေနိုင်ဖြစ်သွားသည်။ ကံကောင်းသည်မှာ ရှုရှင်းချန်က ထိုအချိန်တွင် သူဆန္ဒရှိသည့်အတိုင်း တုံ့ပြန်လာပြီး သတိကြီးကြီးထား၍ ပြောလာသည်။
" ခင်ဗျား စာလိပ်အကြောင်းကို သိနေတာပဲ... ဘာများထပ်ပြောချင်နေသေးတာလဲ..."ဟမ်ကျု့ယင် : " ဧကရာဇ်က ချုန်းချီကို ချိပ်ပိတ်ထားတဲ့နေရာကို ရှာချင်နေတာ ဘာလို့လဲသိလား..."
ရှုရှင်းချန် : " တကယ်လို့ တစ်ယောက်ယောက်က ချုန်းချီကိုလွှတ်ပေးချင်နေတယ်ဆိုရင် ဧကရာဇ်က အဲ့လူကို ကျွန်တော်တို့တားနိုင်အောင် နေမှာပေါ့..."
ဟမ်ကျု့ယင် ခေါင်းခါလိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြောင်းပြန်မှောက်ချလိုက်ပြီး အခြားလက်ဖက်ရည်ခွက်ကို ထိုခွက်ပေါ်တင်၍ တဖြည်းဖြည်းချင်းစီနေသည်။
" ဧကရာဇ်ရဲ့ချိပ်စည်းကို ဘယ်သူမဆို ချိုးဖျက်နိုင်မယ်လို့များ မင်းတကယ် ထင်နေတာလား... ဧကရာဇ်ကလွဲရင် ဒီလောကကြီးထဲမှာ ချိပ်စည်းကို ချိုးဖျက်နိုင်တဲ့သူက ကောင်းကင်ဘုံကိုတက်နိုင်တဲ့ ထာဝရသားရဲတွေပဲ..."
ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့စကားအများစုကို စိတ်ထဲတွင် ယုံကြည်လိုက်မိသည်။ သူ့ခမည်းတော်၏ကျင့်ကြံဆင့်ဖြင့်ဆိုပါက ဟမ်ကျု့ယင်ပြောသည်မှာ ယုတ္တိရှိပေသည်။
သူ ခဏစဉ်းစားလိုက်သည်။
" ဘယ်လိုပဲဖြစ်ဖြစ် စာလိပ်ကို နေရာရွှေ့လိုက်တဲ့သူတွေမှာတော့ မကောင်းတဲ့ရည်ရွယ်ချက်မျိုး ရှိနေတာပဲ..."