Chapter 109

1.8K 288 15
                                    

Chapter 109

လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးခြင်းက အမွန်မြတ်ဆုံးသော စေတနာနှင့် စိတ်သဘောထားကြီးမှုဟု ထင်ခဲ့သော်လည်း သူ့စိတ်ထဲ အတိုင်းအတာတစ်ခုသို့ ရောက်လာပြီဖြစ်သည်။ မမျှော်လင့်ထားသည်မှာ ရှန်းလျိုရှန့်က ရုတ်တရက် စိတ်ကူးပြောင်းသွားပြီး သူ့ကိုအောင်သွယ်ပေးရန်အထိပါ ပြောလာ၍ စိတ်မဆိုးဘဲ မနေနိုင်တော့ပေ။

" လုံးဝ မဖြစ်နိုင်ဘူး..."

ရှန်းလျိုရှန့် ခဏတာငြိမ်သက်သွားပြီးနောက် ဝတ်ရုံလက်ကို အသာယမ်းကာ ဒေါသကြောင့် တုန်ယင်နေသည့် ရှုရှင်းချန်၏လက်ကို လှမ်းဆွဲလိုက်သည်။

" ငါ တခြားလူတွေနဲ့ ဒီကိစ္စကို သွားတိုင်ပင်လို့ မရဘူး ငါ့မှာ မင်းတစ်ယောက်တည်းရှိတာ..."

ရှုရှင်းချန် ခဏတာမှင်သက်သွားပြီးနောက် ဆုပ်ကိုင်ခံထားရသည့်လက်ကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်သည်။

" အပြောအဆိုကို ဂရုစိုက်ပါ... ကျွန်တော်နဲ့ ခင်ဗျားကြားက ညီအစ်ကိုဆက်ဆံရေးက လက်ကိုင်ရလောက်တဲ့အထိ မရင်းနှီးဘူး လက်ကိုလွှတ်လိုက်... ကျွန်ဝောာ့်နားမကပ်နဲ့ လွှတ်လိုက်..."

သူ ထွက်ပြေးသွားမည်စိုး၍ ရှန်းလျိုရှန့်က လက်ကိုအတင်းဆွဲထားသည်။  ထိုစကားများကြားသည့်အခါ သူ့နှုတ်ခမ်းထောင့်များက မဲ့သွားပေသည်။ ထို့နောက် ခဏတွေးတောလိုက်ပြီး သူ့မျက်နှာထက်တွင် ခံစားချက်များ မပေါ်လွင်လာအောင် ပြုလုပ်လိုက်သည်။ မျက်တောင်ရှည်များ အောက်သို့ ညွတ်ကျသွားပြီး စိတ်‌ဓာတ်ကျကာ ညှိုးငယ်နေသည့် အမူအရာမျိုး ဖြစ်သွားသည်။

သူ၏ ယာယီစိတ်ဓာတ်ကျသွားမှုကြောင့် အသည်းအသန်ရုန်းကန်နေသည့် ရှုရှင်းချန်၏လက်များ ရပ်တန့်သွားရသည်။

" မင်းက ငါ့ကိုကူညီနိုင်မယ့် တစ်ဦးတည်းသောလူပဲ..."

ရှန်းလျိုရှန့်၏စကားကိုကြားသည့်အခါ ရှုရှင်းချန်စိတ်မကောင်းဖြစ်သွားရသည်။

ငါတစ်ယောက်တည်း သူ့ကိုကူညီနိုင်မယ်လို့ ပြောခဲ့တာပဲ အဲ့တော့ ငါက သူ့အတွက်အရေးကြီးတာပေါ့လေ... ဟုတ်သားပဲ ရှင်းလျန်ကို အကူအညီတောင်းဖို့လည်း မသင့်တော်ဘူး... ခမည်းတော်ကလည်း မဖြစ်နိုင်ဘူးဆိုတော့ ငါတစ်ယောက်ပဲ ကျန်တော့တယ်...

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now