Chapter 98

1.6K 238 5
                                    

Chapter 98

အနက်ရောင်မီးတောက်များ လွင့်ပြယ်သွားပြီး အပြာရောင်မီးခိုးများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားလေသည်။

ကျိုးရွှမ်လန်က လူငယ်လေးကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားပြီး သူ့နှဖူးထက်မှ သွေးများတတောက်တောက်စီးကျနေကာ နှလုံးခုန်သံများက မမှန်ကန်သေးပေ။

" ရှစ်စွမ်း တစ်ခုခု ဖြစ်သွားသေးလား... ကျွန်တော် နောက်ကျသွားတယ်..."

သူနှင့်လင်ယဲ့က အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်လုံး ဒဏ်ရာအပြင်းအထန် ရခဲ့ပေသည်။ သို့သော် အကြောင်းအရင်းအချို့ကြောင့် လင်ယဲ့က သူ့ထက်ပိုမိုမြန်ဆန်စွာ ပြန်ကောင်းလာခဲ့ပြီး မကြာမီ သူ့ကိုသတ်ရန် ရောက်လာခဲ့ပြန်သည်။ မကြာမီအချိန်တွင် ချီလင်မြို့ရှိကိုယ်ပွားက  သူ့ကိုလှမ်းအကြောင်းကြားပြီး ဤနေရာသို့ အရောက်လာခိုင်းခဲ့သည်။ ကံကောင်းသည်မှာ လင်ယဲ့က သူ့ကိုသတ်ချင်နေသော်လည်း တွန့်ဆုတ်နေခဲ့သောကြောင့် မန္တန်ကို မဟန့်တားနိုင်ခင် သူ ဤနေရာသို့ အောင်အောင်မြင်မြင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရင်ခွင်ထဲမှထွက်ကာ နှဖူးကိုမော့ကြည့်လိုက်သည်။ နှဖူးတွင် ဒဏ်ရာမရှိသော်လည်း သွေးများစီးကျနေလေသည်။

သွေးများက ကျိုးရွှမ်လန်၏မျက်နှာဘေးမှ‌တစ်ဆင့် မေးစေ့ထိ စီးကျနေသည်ကိုမြင်သောအခါ သူ့လက်ဖြင့် သွေးများကို ခပ်ဖွဖွထိလိုက်သည်။

" ဘာတွေဖြစ်သွားတာလဲ... သွေးတွေအများကြီးထွက်နေတယ်..."

ကျိုးရွှမ်လန်က သွေးများကိုသုတ်လိုက်ပြီး ခဏအကြာတွင် ရှန်းလျိုရှန့်၏ကိုယ်မှ ဝိညာဉ်စွမ်းအင်က ကုန်ခမ်းလုနီးပါးဖြစ်နေသည်ကို သတိထားမိသွားသည်။ သူ့နှလုံးသားက အောက်ခြေအထိ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ဖက်သို့လှည့်ကာ ဝမ်ရမ်ချင်ကိုကြည့်လိုက်သည်။

အစီအရင် ပျက်စီးသွားသောကြောင့် ဝမ်ရမ်ချင်၏ခန္ဓာကိုယ်ကို သေလုမျောပါးထိခိုက်သွားစေခဲ့သည်။ သူ အန်ထုတ်လိုက်သည့်သွေးများထဲတွင် ကိုယ်တွင်းအင်္ဂါများလည်း ပါဝင်လာ၏။ သူ့ပါးစပ်ကိုအုပ်ထားချိန်တွင် လက်ချောင်းများအကြားမှ သွေးများစီးကျလာ၍ လက်ကိုစွန်းပေသွားတော့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ခါပြီး မတည်မငြိမ်ဖြစ်နေ၏။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now