Chapter 119

1.2K 186 4
                                    

Chapter 119

သူ ရှေးဟောင်းနည်းစနစ်အချို့ကို သိနေခြင်းလားဟု ကျိုးရွှမ်လန်ကို မေးလိုက်သည်။ ထိုအချိန်တွင် ကျိုးရွှမ်လန်က ရှက်ရွံ့နေပုံရကာ ပြောပြရန် ငြင်းဆန်လာသည်။ အကယ်၍ ရှန်းလျိုရှန့်သင်ယူချင်လျှင် သူသင်ပေးမည် ဟူ၍သာပြောလေသည်။

"မင်းက အဲဒီ မန္တန်တွေကို သိပြီးမွေးဖွားလာတာ ဖြစ်နိုင်ပါ့မလား..."

ရှန်းလျိုရှန့်၏ မျက်နှာပေါ်မှ မျော်လင့်နေသည့်အကြည့်ကိုမြင်သောအခါ ခဏမျှတိတ်ဆိတ်သွားပြီးနောက် ကျိုးရွှမ်လန်ကပြောလာသည်။
"ကျွန်တော် ရှစ်စွမ်းကိုပြမယ်...ဒါပေမဲ့ ရှစ်စွမ်း မရယ်ရဘူးနော်..."

၎င်းကို ကြားသောအခါ ရှန်းလျိုရှန့်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလာသည်။
"ကောင်းပြီ..."

သူက ပို၍ပင် သိချင်လာရကာ မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။ ခဏမျှကြာပြီးနောက် ကျိုးရွှမ်လန်အရှေ့တွင်  ဆန်းကြယ်သော အလင်းတစ်ချက်လက်သွားကာ မြေပြင်ပေါ်၌ တစ်စုံတစ်ခုပေါ်လာသည်။

"ဖွီး..."

ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် ခဏတွင်ရှန်းလျိုရှန့်က ကျယ်လောင်စွာ မရယ်မောပဲမနေနိုင်ခဲ့ချေ။ သူက ပါးစပ်ကို မြန်မြန်အုပ်၍ အနည်းငယ် တောင့်တင်းနေသည့် ကျိုးရွှမ်လန်ကို ကြည့်ကာ ဖြူဖြူစင်စင်နှင့် မျက်တောင်များ ပုတ်ခတ်ပြလာသည်။

"ဟား...ဟား...ဟား.."

ကျိုးရွှမ်လန် : "....."

ရှန်းလျိုရှန့် ကျယ်လောင်စွာ ရယ်မောနေသည်မှာ အံသြစရာမရှိပေ။ သူ အမှန်တကယ်မထိန်းနိုင်ဖြစ်သွားသည်။ ကျိုးရွှမ်လန်က အချိန်အကြာကြီးတုံ့ဆိုင်းနေပြီးမှ နဂါးဥခွံတစ်ဝက်ကို ထုတ်ယူလာမည်ဟု မထင်ထားခဲ့ချေ။

ညအချိန်ဖြစ်သော်ငြား အနက်ရောင်ဥခွံမှ ရွှေရောင်ဖျော့ဖျော့ ထုတ်လွှတ်နေသည်။ ဆန်းကြယ်၍မြင့်မြတ်နေပုံပေါက်သော်လည်း နဂါးဥခွံဖြစ်သည်ဟူသော အမှန်တရားကို မပြောင်းလဲနိုင်ပေ။

ကျိုးရွှမ်လန်က နဂါးဥမှပေါက်လာသော နဂါးနက်လေးဖြစ်လျက် မသိနားမလည်သည့်အရွယ် ဖြစ်နေသေးကြောင်း စဉ်းစားမိသဖြင့် ရှန်းလျိုရှန့်က နှုတ်ခမ်းဖိကိုက်၍ ကျယ်ကျယ်မရယ်မိစေရန် ကြိုးစားနေသည်။ မျက်လုံးထောင့်မှ မျက်ရည်စအချို့ကိုပါ ထိန်းချုပ်ထားသည်။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now