Chapter 115
တိယွင်ယွီက ယွမ်ယင်း၏ ဆံပင်ပျော့ပျော့လေးများကို ပွတ်သပ်ပေးလိုက်ကာ နှင်းဖြူရောင်ပါးဖောင်းဖောင်းများပေါ်သို့ အကြည့်ရောက်သွားသည်။ ကလေးအဆီများက မျက်နှာလေးကို ပို၍ လုံးဝန်းစေသည်။
ပါးစပ်သေးသေးလေးက နှုတ်ခမ်းစူထားပုံမှာ အရည်ရွှမ်းနေသည့်နှယ်ပင် ရှန်းလျိုရှန့်ငယ်လေးနှင့် တူနေသည်။
တိယွင်ယွီ၏စိတ်က အနည်းငယ်နူးညံ့သွားသည်။
ရှန်းလျိုရှန့်က ရှုရှင်းချန်၊ ရှုရှင်းလျန်တို့နှင့် မတူညီပေ။ ကလေးဘဝကပင် တိယွင်ယွီအနား၌ မရှိခဲ့သဖြင့် ထိုမျှ ငယ်ရွယ်သော ပုံစံကို မမြင်ခဲ့ဖူးပေ။
ရှန်းလျိုရှန့်က သူ၏ခေါင်းထိပ်သို့ ထိတွေ့နေသည်ကို ခံစားလိုက်ရသဖြင့် သွားများ အနည်းငယ်ယားယံလာသည်။ ရှေ့ရှိမြင်ကွင်းကို ကြည့်၍ စကားပြောရန် တုံ့ဆိုင်းနေခဲ့သည်။
ကံကောင်းစွာပင် တိယွမ်ယွီက သူ၏အခွင့်အရေးကို အနည်းငယ်သာပြသ၍ လက်အမြန် ပြန်ရုတ်လိုက်သည်။
"ပုံမှန်ဆိုရင် ဝိညာဉ်က ခန္ဓာကိုယ်အစစ်နဲ့ ကိုက်ညီနေရမှာ... ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်က ပျက်ဆီးနေပြီးတော့ စိတ်က သုံးနှစ်အရွယ်အထိ ဆုတ်ယုတ်သွားတာ..."တိယွင်ယွီ၏ အကြည့်များက မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေသော ယွမ်ယင်းပေါ်သို့ ကျရောက်သွားကာ ပြောလာသည်။
"ဒီယွမ်ယင်းကတော့ ဆန့်ကျင်ဘက်ပဲ...ခန္ဓာကိုယ်အစစ်ထက်ကို ကျော်လွန်နေတယ်..."ရှန်းလျိုရှန့်က စိတ်ရှုပ်ထွေးမှုကြောင့် လှုပ်လှုပ်ရွရွဖြစ်လာသည်။ ခဏမျှစဉ်းစားပြီးနောက်တွင် ရုတ်တရက် သဘောပေါက်သွားသည်။
ယျေဘုယျအားဖြင့်ပြောရလျှင် အခြေတည်ဝိညာဉ်နှစ်မျိုးရှိသည်။ တစ်မျိုးကို ကျို့လောင်ယောင်ဟု ခေါ်နိုင်ပြီး အခြားတစ်မျိုးကို ရှန်စန်းစွေ့ဟုခေါ်နိုင်သည်။
ရှန်းလျိုရှန့်က ကျယ်လောင်စွာပြောလာသည်။
"ခန္ဓာကိုယ်အစစ်ကို ကျော်လွန်တယ်ဆိုရင် ဘာလို့ ကျွန်တော့်ခေါင်းထဲမှာ ဗလာကြီးဖြစ်နေပြီး ဘာမှ မသိနေတာလဲ..."