Chapter 149
နန်ယောင်ချွမ်က အဘယ့်ကြောင့် ငိုပြီးပြန်မလာနှင့်ဟု ပြောသည်ကို သူနားလည်သွားသည်။ ထိုသို့သော ခွန်အားမျိုးနှင့် နတ်ဆိုးနယ်မြေအတွင်းသို့ တစ်ယောက်တည်း ထွက်သွားခဲ့လျှင် ကျိုးရွှမ်လန်ကို မတွေ့နိုင်မီတွင် သူ ပျောက်ကွယ်သွားနိုင်သည်။
နောက်ဆုံးမှ သူ၏အသက်ကို ပြန်ရခဲ့ပြီးနောက် ထိုအကြောင်းကို စဉ်းစားလိုက်လျှင် တစ်ကိုယ်လုံးတုန်ယင်လာခဲ့သည်။
သူက နန်ယောင်ချွမ်ကို ကြည့်၍ မျက်တောင်ခတ်လိုက်သည်။
"ကျွန်တော့် မွေးစားအစ်ကိုက နတ်ဆိုးနယ်မြေကို သွားဖို့ သိပ်မကြာလောက်ပါဘူး...ဘာလို့ မ...""ငါ နတ်ဆိုးနယ်မြေကို လတ်တလော မသွားချင်သေးဘူး..."
နန်ယောင်ချွမ်က လက်နောက်ပစ်ထား၍ သူ့ကို တစ်ချက်ကြည့်လာသည်။
"မင်းသွားတော့မလို့ မဟုတ်ဘူးလား...ဘာလို့ မသွားသေးတာလဲ..."ရှန်းလျိုရှန့်က အံကြိတ်လိုက်သည်။ သူ၏သိုလှောင်အိတ် မည်သည့်နေရာသို့ ရောက်သွားကြောင်းလည်း သူမသိသလို သူ့ခန္ဓာကိုယ်ပေါ်တွင် ကာကွယ်ရေးလက်နက်ပင် ရှိမနေချေ။ သူက သန့်ရှင်းပြီး ခိုးကိုးရာမဲ့နေသည်။
သူက ဗိုက်ကိုထိ၍ ဆာလောင်မှုကို ခံစားလာရသည်။ ဤခန္ဓာကိုယ်က အစားအစာမရှိလျှင်ပင် မရှင်သန်နိုင်ချေ။
နန်ယောင်ချွမ်က သူ ကျိုးရွှမ်လန်ကိုသွားမရှာစေချင်သဖြင့် ဖိအားပေးနေခြင်းဖြစ်လိမ့်မည်။
ရှန်းလျိုရှန့်က အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် ပြောလာသည်။
"ဒီလိုဆိုမှတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ မွေးစားအစ်ကို...ကျွန်တော်သွားတော့မယ်..."အပြင်လောကတွင် မည်မျှကြာမြင့်သွားသည်ကို မသိသော်လည်း ဤနေရာ၌ပင် တစ်သက်လုံးမနေနိုင်ချေ။ နီရဲနေသည့် အနက်ရောင်မျက်ဝန်းများက တစ်ခဏမျှပင်သူ့ကို စိတ်မချမ်းသာစေခဲ့ပေ။
အခြေခံအုတ်မြစ်တည်အဆင့်ဆိုတော့ ဘာဖြစ်လဲ...တာအိုပညာရှင်တွေကရော အခြေခံအုတ်မြစ်တည်အဆင့်ကို မဖြတ်သန်းရလို့လား...ဝါးရုံတောတွင် လမ်းရှာနေသော ပုံရိပ်လေးကို တွေ့သောအခါ နန်ယောင်ချွမ်၏မျက်နှာက မှောင်မည်းသွားသည်။ ထိုပုံရိပ်လေးက လမ်းရှာတွေ့သွားပြီးနောက်တွင် နောက်လှည့်ကာလက်ပြ၍ ဖျပ်ခနဲ ပျောက်ကွယ်သွားလေသည်။