Chapter 69
သူက လမ်းမှ ခေါက်ယပ်တောင်တစ်ချောင်းဝယ်ကာ ယပ်ခပ်နေလျက်ပင် ထျန်းရှန်းမျှော်စင်သို့ ဝင်လိုက်သည်။ စားပွဲထိုး က အလျင်အမြန်ပင် ရောက်လာသည်။ရှန်းလျိုရှန့်က အရသာရှိသော ဟင်းပွဲအတွဲလိုက်မှာလိုက်ဒ ဒုတိယထပ်သို့ ဖိတ်ခေါ်ခံလိုက်ရသည်။
မကြာသောအချိန်တွင် စားပွဲထိုးက အသီးပန်းကန်များကို ယူဆောင်လာခဲ့သည်။
ရှန်းလျိုရှန့်က ခုံတွင် မှီထိုင်လျက် ရေခဲစိမ်ထားသော ဖရဲသီးကို ကိုင်ထားသည်။ အလျှံငြီးငြီး ပူလောင်နေသော အပြင်ဘက်သို့ ပြတင်းပေါက်မှတစ်ဆင့် ကြည့်နေသည်။
ချွေးအလွန်အမင်းထွက်လျက် အနက်ရောင်ဆံနွယ်ကို လက်တွင်ကိုင်ကာ စာလိပ်၏ နေရာကို ရှာဖွေနေမည့် ရှုရှင်းချန်ကို တွေးမိသောအခါ သူ မသက်မသာခံစားလိုက်ရသည်။
အင်းးး...
တုံးအတဲ့ညီလေး...မြန်မြန်ရင့်ကျက်စမ်းပါ...
ရှန်လျိုရှန့်က နှလုံးသားထဲတွင် သက်ပြင်းချလိုက်သော်ငြား ချိုမြအေးစက်သည့် ဖရဲသီးကို ဇွန်းအပြည့် စားပြီးနောက် ညစ်ကျယ်ကျယ်အပြုံးလေး ပေါ်လာသည်။
နေ့မွန်းတည့်ချိန်သို့ ရောက်သောအခါ စားသောက်ဆိုင်အတွင်း၌ လူများစည်ကားလာပြီး ပုံပြင်ပြောသူကလည်း အောက်ဆုံးထပ်ရှိ စင်မြင့်ပေါ်သို့ တက်လာသည်။လူအများက အကျင့်ဖြစ်စွာပင် မေးလိုက်သည်။
"ဒီနေ့ ဘာအကြောင်းပြောမှာလဲ..."
"ဒီနေ့ကတော့ နတ်ဆိုးဘုရင်ကြီးနဲ့ နတ်ဆိုးဘုရင်မ အကြောင်း ပြောမှာပါ..."
ဤအကြောင်းကို ကြားသောအခါ လူတိုင်းက စိတ်ဝင်စားစွာဖြင့် လက်ခုပ်တီးလိုက်သည်။
"နတ်ဆိုးဘုရင်မအန်း က အလွန်လှပတဲ့ ရုပ်ရည်ရှိတယ်... အဲ့ဒါကြောင့် နတ်ဆိုးဘုရင်အိုကြီးက မြင်မြင်ချင်းချစ်မိသွားပြီး မိဖုရားအဖြစ်လက်ထပ်ယူချင်ခဲ့တာပေါ့...ဒါပေမဲ့ နတ်ဆိုးဘုရင်မကျန်းက ဖြစ်နိုင်သမျှနည်းတွေသုံးပြီး သူမကို တားဖို့ကြိုးစားခဲ့တယ်...ဘုရင်ကြီးက မတတ်နိုင်တဲ့အဆုံးမှာတော့ ဘုရင်မအန်းကို မြို့သေးသေးလေးမှာ နေခိုင်းခဲ့ရတယ်...အဲ့ဒီနေရာက နောက်ပိုင်းမှာတော့ သတ္တမနတ်ဆိုးဘုရင် အုပ်ချုပ်တဲ့ ချီလင်မြို့ ဖြစ်လာခဲ့တယ်..."