Chapter 142
သူကြောက်ရွံ့နေစဉ်မှာပင် နတ်ဆိုးဂူအတွင်းသို့ ဆင်းလာသည့် အပြာရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
လင်ယဲ့က ဘေးပတ်လည်သို့ တစ်ချက်ဝေ့ကြည့်လိုက်သော်လည်း ကျိုးရွှမ်လန်၏ ပုံရိပ်ကို မတွေ့ရပေ။ အနက်ရောင်ဝတ်ဆင်ထားသည့်လူကို ကြည့်လိုက်သောအခါ ထိုသူ၏ကျင့်ကြံဆင့်မှာ ယခင်ကဲ့သို့ မဟုတ်ကြောင်း နားလည်သွားသည်။ သူ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်မှာ ဖြေးညှင်းစွာ ထွက်ပေါ်လာသည်။
သို့သော် သူအလျင်အမြန်ဖိနှိပ်၍ မေးလိုက်သည်။
"သူ ဘယ်မှာလဲ..."ကျိုးရွှမ်လန်က ဘေးသို့တစ်ချက်ကြည့်ကာ အေးစက်နေသည့် လေသံနှင့်ပြောလာသည်။
"ခင်ဗျားနဲ့ မဆိုင်ဘူး..."သူက ရှန်းလျိုရှန့်ကို ရှာဖွေရမည်ဖြစ်သဖြင့် ထိုလူကို အာရုံစိုက်ရန် အချိန်မရှိပေ။ စကားဆုံးပြီးနောက်တွင် အရပ်ရှည်ရှည်ပုံရိပ်က ပျောက်ကွယ်သွားသည်။
.....
ညလည်ပိုင်းတွင် အနက်ရောင်ပိုးကောင်ငယ်လေးက သစ်ရွက်ကြွေပေါ်တွင် တွားသွားနေသည်။ လေပြည်အေးက မြေပြင်နှင့်နီးကပ်စွာ တိုက်ခတ်နေသည်မှာ သစ်ရွက်လေး လွင့်သွားလုနီးပါးပင်။
ရှန်းလျိုရှန့်က ဆောင့်ကြောင့်ထိုင်၍ ဝတ်ရုံလက်များ အသုံးပြုကာ လေကို ပိတ်ဆို့လိုက်သည်။ ၎င်းပိုးကောင်ကို အနီးကပ်ကြည့်လိုက်သောအခါ သူ၏အမြင်မှာမှုန်ဝါးနေပြီး မရှင်းလင်းပေ။
ချုန်းချီ၏စိတ်ထဲ၌ အနှီသူက ပိုးကောင်များအပေါ် စွဲလမ်းနေသည်ဟု တိတ်တိတ်လေးတွေးနေသည်။
နတ်ဘုရားပျက်သုဉ်းအိုးအတွင်း၌ ရှိနေချိန်ကလိုပင်ဖြစ်သည်။ လူက သေခါနီးဆဲဆဲမှာပင် အနက်ရောင်ပိုးကောင်ကို တွေ့ရတိုင်း နှုတ်ခမ်းများ တွန့်ကွေးကာ ပြုံးနေနိုင်သေးသည်။ နောက်ပိုင်း အခြေအနေများပိုကောင်းလာချိန်၌ အချိန်ရှိခဲ့လျှင် တောအုပ်သို့သွားလိမ့်မည်။ ပိုးကောင်တစ်ကောင်မျှ ရှာမတွေ့ခဲ့လျှင် လက်များနှင့် မြေကြီးကို ကိုယ်တိုင်တူးလိမ့်မည်ဖြစ်သည်။