« ၈ »

277 35 0
                                    

အခန်း (၈)

"တိုးတက်လာတဲ့အခါ ဖုန်းဝယ်မယ်ဆို ငါ့ကိုရှာဖို့သတိရနော်!"

စကားပြောပြီးသည့်နောက် အန်းကျယ် သူ့ကို လျစ်လျူရှုကာ အရှေ့သို့သာ တန်းတန်းမတ်မတ် ဆက်လျှောက်သည်။

သူ၏ID cardကို သုံးကာ အခန်းတံခါးဖွင့်လိုက်သည့် အချိန်အထိ အနောက်ဘက်၌ မည်သည့်ခြေသံကိုမျှ သူ မကြားခဲ့ရပေ။ ထို့နောက် ဂျိုစီသည် အလျင်အမြန်ပင် သူ့အနားသို့ ရောက်လာကာ သူ၏ပုခုံးကို ဆုပ်ကိုင်လာ၏။

"မင်း တကယ်ပဲ အန်းဇယ်လား။ ဒါပေမဲ့ မင်း-"

စားပွဲပေါ်ရှိ မျိုးရိုးဗီဇစစ်ဆေးမှုစာရွက်အား ဂျိုစီ မြင်သွားသည်။

ဂျိုစီ ရေရွတ်လိုက်သည်။

"ဒါက..."

အန်းကျယ် ခေါင်းငုံ့ကြည့်လိုက်ရာ စာရွက်၏အပြင်အပိုင်းတွင် တရားသူကြီးများကို ဆန့်ကျင်သည့်အကြောင်း‌ ရေးထားသည့်စကားစုကို ‌တွေ့လိုက်ရသည်။

သူ စာရွက်ကို ဖြည်းဖြည်းချင်း အဝေးသို့ ဆွဲဖယ်လိုက်၏။ ဂျိုစီသည် မျိုးရိုးဗီဇစစ်ဆေးမှုစာရွက်ကို ကြည့်နေ၏။

"မင်း..."

သူ စာရွက်အား မြန်မြန်ဆန်ဆန်ပင် တစ်ချက်ဝေ့ဝဲကြည့်လိုက်ကာ အန်းကျယ်ကို မော့ကြည့်၏။

"မင်း တကယ်ကြီး Abyssကနေ လွတ်လာတာပေါ့"

"ငါ အကယ်ခံရတာ"

အန်းကျယ် ပြန်ဖြေ၏။

"ကျန်တာတွေကိုတော့ ငါ မေ့သွားပြီ"

မျိုးရိုးဗီဇ စစ်ဆေးမှုစာရွက်ကို ကိုင်ထားသည့် ဂျိုစီ၏ လက်တို့သည် တုန်ယင်နေ၏။ ထို့နောက် သူ မော့လာသည့်အခါ သူ၏နှုတ်ခမ်းထောင့်စွန်းများသည် အပေါ်သို့တက်နေပြီး ပြုံးနေသည်။

"ငါ...ငါ အရမ်း စိတ်လှုပ်ရှားတာပဲ။ မင်း ပြန်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး"

မျိုးရိုးဗီဇစစ်ဆေးမှုစာရွက်အား သူ စားပွဲပေါ်သို့ တင်လိုက်၏။ ထို့နောက် သူသည် အန်းကျယ်ထံသို့ တိုးကပ်လာသည်။ သူသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရကာ သူ၏နဖူးရှိ ကြွက်သားတို့သည်ပင် ကျုံ့နေ၏။

ရှောင်မော်ကူးWhere stories live. Discover now