« ၅၅ »

350 47 0
                                    

အခန်း (၅၅)

ခင်ဗျားကိုမုန်းတယ်

"A1မော်ဂျူး အဆင်ပြေတယ်"

"D3မော်ဂျူး အဆင်ပြေတယ်"

"အင်ဂျင်..."

လေယာဉ်တစ်စင်းလုံး ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွား၏။

"အင်ဂျင်မှာ မသိတဲ့ ချွတ်ယွင်းမှုတစ်ခု ရှိနေတယ်!"

"အရေးပေါ်ဆင်းသက်တဲ့ လုပ်ငန်းစဥ်ကို စလိုက်!"

"ကပ္ပတိန် အရေးပေါ်ပရိုဂရမ်က စတင်ဖို့ ကျရှုံးနေတယ်!"

"ကိုယ်တိုင်မောင်းစနစ်ကို ပြောင်းလိုက်!"

လေယာဉ်တစ်စင်းလုံး အရူးအမူး လှုပ်ယမ်းနေကာ အင်ဂျင်စက်အော်သံသည် ပြတ်တောင်းပြတ်တောင်းဖြစ်နေ၏။

ဟတ်ဘတ်ဒ်သည် ထိုင်ခုံလက်တင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ ထိုင်ခုံခါးပတ် ပတ်ထားပြီးပြီလားဟု စစ်ဆေးလိုက်သည်။

"ကျရှုံးတယ်?"

လုဖုန်းက မေး၏။

"မထွက်ခင် မစစ်ခဲ့ဘူးလား"

သူ့၏ဘေးရှိ ဟတ်ဘတ်ဒ်သည် မျက်မှောင်ကြုတ်၏။

"ပျံနိုင်တဲ့ ရောနှောမျိုးစိတ်တွေက လေယာဉ်ကို တိုက်ခိုက်လိုက်လို့လား"

အခြားအရာရှိက ဆိုသည်။

"မဟုတ်ဘူး။ ကျွန်တော်တို့ လမ်းတစ်လျှောက်လုံးဘေးကင်းတယ်"

ဟတ်ဘတ်ဒ်သည် မျက်လုံးများကို မှေးကျဉ်းလိုက်၏။

"အဲဒီလိုပြောမှပဲ၊ လွန်ခဲ့တဲ့သုံးနာရီက ငါတို့အဖွဲ့သားတွေရဲ့လေယာဉ် ပျက်ကျသွားတယ်"

လေယာဉ်သည် တက်လိုက်ကျလိုက်ဖြစ်နေရာ အခန်းငယ်သည် ခါယမ်းနေ၏။ ‌အဆုံး၌ ၎င်းသည် တည်ငြိမ်သွားကာ မြေပြင်ထက် သက်ဆင်းသွားသည်။

လေယာဉ်မှူးအခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ တွဲဖက်လေယာဉ်မှူးနှင့် လေယာဉ်မှူးသည် ဖြူ‌ရော်ဖျော့တော့လျက်ရှိကာ လေယာဉ်မှူးသည် အမှိုက်ပုံးအနီးတွင် ဒူးထောက်လျက် အန်နေ၏။

ရှောင်မော်ကူးWhere stories live. Discover now