« ၆၉ »

158 31 1
                                    

အခန်း (၆၉)

"ပေါင်းစပ်ပညာရှင်တွေဆိုတာကို ကြားဖူးလား?"

"ဟတ်ဘတ်ဒ်"

ထန်လန်သည် နာမည်ကို ရေရွတ်လိုက်၏။

"သူ..."

သူသည် အာစေးမိနေသည့်ပုံ ပေါ်သည်။ စက္ကန့်ဒါဇင်ကြာပြီးနောက် သူသည် ပါးစပ်ကို တဖန်ဖွင့်ဟလိုက်ပြန်သည်။ သူ့၏အသံသည် အနည်းငယ်အက်ကွဲနေ၏။

"...သူ အဆင်ပြေရဲ့လား"

အန်းကျယ်သည် သူ့၏မှတ်ဉာဏ်ထဲရှိ ဟတ်ဘတ်ဒ်အား ပြန်လည်တွေးတောလိုက်သည်။

အင်းဆက်ဒီရေဖြစ်ပွားကာ ခရိုင်(၆)ဖောက်ခွဲခံရစဥ်တွင် ဟတ်ဘတ်ဒ်သည် မြို့တော်အပြင်ဘက်တွင် တာဝန်ကျနေ၏။ ၎င်းသည် ‌လွန်စွာအမြော်အမြင်ရှိသော လှုပ်ရှားမှုတစ်ခုပင်။ သူသည် ပြင်ပမြို့တော်၏ မျိုးသုဉ်းမှုကို ရှောင်တိမ်းနိုင်ရုံသာမက 'တရားသူကြီးရဲ့ အချက်အလက်အား တရားမဝင်ခိုးယူမှု'အတွက် လုဖုန်း၏ ဖမ်းဆီးခြင်းကိုလည်း ရှောင်လိုက်နိုင်၏။ ပြီးနောက်တွင် သူသည် သူ့၏အဖွဲ့အား ဘေးမသီရန်မခဘဲ ပြန်လည်ခေါ်ဆောင်လာကာ ပင်မမြို့တော်၏ ကြိုဆိုခြင်းကို ခံခဲ့ရသည်။ ထို့နောက် အကျော်ဇေယျ ကြေးစားခေါင်းဆောင်သည် လုဖုန်းနှင့်ဆုံခဲ့၏။ သူနှင့်ဗိုလ်မှူးသည် PL1109လေယာဉ်ကို စီးနင်းကာ ကယ်ဆယ်ရေးအတွက် မြေအောက်မြို့တော် အခြေစိုက်စခန်းသို့ သွားခဲ့ကြသည်။ အန်းကျယ်တို့ သတ္တုတွင်း၌ ရှိခဲ့စဉ်အခါက သူနှင့်လုဖုန်းသည် ရံဖန်ရံခါ စကားစမြည် ပြောကြသည်။ လုဖုန်း၏ပြောကြားချက်အရ ဟတ်ဘတ်ဒ်နှင့် လုဖုန်းသည် ကယ်ဆယ်ရေးတာဝန်ကို ပြီးမြောက်ခဲ့ပြီး ဘေးမသီဘဲ အတူတူ ပြန်လာခဲ့ကြ၏။

"သူ အဆင်ပြေပါတယ်"

အန်းကျယ် ပြန်ဖြေလိုက်သည်။

ထန်လန်သည် မျက်လွှာချလိုက်ကာ ပြုံးလိုက်သည့်ပုံပေါ်သည်။ သူသည် အခြားဘာမျှ ထပ်မမေးတော့ဘဲ ဆိုလာ၏။

"အဲဒါဆို ကောင်းတာပါပဲ"

အန်းကျယ်သည် ထန်လန်ကို ကြည့်လိုက်၏။

ထိုသူအား သူ သိရသည့်ဦးဆုံးအကြိမ်သည် သူဌေးရှောင်၏ဆိုင်တွင် လူစင်စစ်နီးပါးတူသော လှပစွာပြုလုပ်ထားသည့် အရုပ်ကို မြင်ခဲ့ရစဉ်အခါကဖြစ်သည်။ ယင်းအား ဟတ်ဘတ်ဒ်သည် သူ့၏ပိုင်ဆိုင်မှုတစ်ဝက်ကို သုံးစွဲကာ ပြုလုပ်ခဲ့သည်ဟု သူဌေးရှောင်က ဆို၏။ ဟတ်ဘတ်ဒ်သည် ပြင်ပမြို့တော်တစ်ခုလုံးတွင် အထင်ကရအဖြစ်ဆုံးသော ကြေးစားအသင်း၏ ခေါင်းဆောင်ဖြစ်သည်။ ထန်လန်သည် သူနှင့် သေအတူရှင်မကွာ ခင်မင်ရင်းနှီးမှုရှိခဲ့သော ဒုတိယခေါင်းဆောင်ဖြစ်သည်။ သူသည် စွန့်စားမှုခရီး သွားပြီးသည့်နောက် ဘယ်သောအခါမှ ပြန်မလာခဲ့တော့ချေ။ သူ့၏အလောင်းကိုပင် ရှာမတွေ့ခဲ့ပေ။

ရှောင်မော်ကူးWhere stories live. Discover now