« ၆၃ »

174 32 0
                                    

အခန်း (၆၃)

၎င်းသည် ပို၍နီးကပ်လာ၏

လမ်းတွင် ‌ပျက်စီးနေသော လေယာဉ်တစ်စင်းကို သူတို့ တွေ့သည်။ လေယာဉ်၏ပုံစံသည် လုဖုန်း စီးလာခဲ့သည့် တစ်စင်းနှင့် အတိအကျတူသည်။ လမ်းကြောင်းကို အန်းကျယ် မှန်းဆလိုက်ရာ ဤလေယာဉ်သည် လုဖုန်းတို့ရှေ့က ပျက်ကျသွားသည့်တစ်စီးဖြစ်ပေလိမ့်မည်။ သူသည် ၎င်းပျက်ကျခြင်းကို မျက်မြင်တွေ့ခဲ့၏။

လေယာဉ်သုံးစီး၊ လေးစီး ပျက်ကျပြီးသည့်နောက် ကောင်းကင်ယံတွင် အခြေစိုက်စခန်းမှ လေယာဉ်များ ပေါ်လာသည်ကို သူ ထပ်မတွေ့ရတော့ပေ။ အခြေစိုက်စခန်းသည်လည်း ဤထူးဆန်းသောပြောင်းလဲမှုကို သတိထားမိကာ တိုက်လေယာဉ်များကို ထပ်မပို့တော့ခြင်း ဖြစ်နိုင်သည်။

သို့သော် ဤလေယာဉ်သည် လုဖုန်း စီးလာသောတစ်စီးထက် ပို၍အခြေအနေ ကောင်းသေး၏။ ၎င်းသည် မပေါက်ကွဲသွားခဲ့ပေ။ ထိခိုက်မှုကြောင့် ပုံစံပျက်သွားသည်မှလွဲ၍ အရာအားလုံး အကောင်းအတိုင်း ရှိနေသေး၏။

လုဖုန်းသည် ထိုနေရာသို့ လျှောက်သွားကာ လေယာဉ်၏black boxကို ဖယ်လိုက်သည်။ အခိုက်အတန့်မျှ တုံ့ဆိုင်းနေပြီးသည့်နောက် အစွန်းတွင် ကိုက်ရာများရှိနေသည့် အက်ကွဲနေသော အခန်းတံခါးမှတစ်ဆင့် အပေါ်သို့ တက်သွား၏။

သားရဲကောင်သည် လေယာဉ်မှူး၏ခန္ဓာကိုယ်ကို စားနှင့်ပြီးဖြစ်သည်။ သွေးစွန်းနေသော အဝတ်တို့သည် ခြောက်သွေ့နေကာ အရိုးများသည် လေယာဉ်မှူးအခန်းအနှံ့ ပြန့်ကျဲနေ၏။ တစ်ဝက်သာကျန်ရှိတော့သည့် ဦးခေါင်းခွံသည် ခလုတ်ခုံအောက်တွင် လိမ့်နေကာ အစွန်းတွင် သွားရာချွန်ချွန်တို့ ရှိ‌နေသည်။

အန်းကျယ်သည်လည်း သူ့နောက်မှ လိုက်ဝင်လိုက်၏။ လုဖုန်းသည် အန်းကျယ်ကို ထွက်သွားစေလိုသော အခိုက်အတန့်ရှိခဲ့သည်။ ထိုမှသာ ဤမြင်ကွင်းကြောင့် အန်းကျယ် မကြောက်လန့်မည်ပင်။ ထို့နောက် အန်းကျယ်၏ တည်ငြိမ်နေသော မျက်လုံးများကို တွေ့သွားရာ အန်းကျယ်သည် လူအလောင်းအား မကြောက်သည်ကို သဘောပေါက်သွား၏။

ရှောင်မော်ကူးWhere stories live. Discover now