အခန်း (၃၈)
သူ နောင်တရမိသည်
လုဖုန်း၏ကားထဲတွင် အန်းကျယ် အိပ်ပျော်သွား၏။
အန္တရာယ်အား အလိုလိုသိသော ခံစားချက်ကြောင့် သူ နိုးလာသည်။ သူ့၏မျက်လုံးတို့ကို ဖွင့်လိုက်ရာ ကားသည် မီးပြတိုက်၏ တံခါးရှေ့၌ ရပ်ထားသည်ကို တွေ့လိုက်ရ၏။ ဗိုလ်မှူးသည် သူ့ဘက်ရှိ ကားတံခါးကို ဖွင့်ထားကာ သူ့အား အပေါ်စီးမှ စိုက်ကြည့်နေသည်။
"မနေ့ညက မအိပ်ဘူးလား"
ဗိုလ်မှူး၏အသံသည် ရေခဲလောက်သည်အထိ အေးစက်၏။
အန်းကျယ်သည် ငိုင်တွေနေဆဲပင်။ သူသည် မျက်လုံးများကို ပွတ်ကာ အိပ်ချင်ပြေအောင်လုပ်လိုက်ပြီး ကားထဲမှ ထွက်လိုက်သည်။
ရလဒ်အနေဖြင့် သူသည် အိပ်ချင်နေသောကြောင့် မြဲမြံစွာမရပ်နိုင်ဘဲ လုဖုန်းဘက်သို့ လဲပြိုသွား၏။
သန်မာလှသော လက်တစ်စုံက သူ့ကို ဖမ်းထားပေးသည်။ အန်းကျယ်သည် နောက်ဆုံးတွင် မြဲမြဲရပ်လိုက်ကာ ထပ်မံ မလဲကျတော့ပေ။ သို့သော် သူသည် အမှန်တကယ်ပင် နိုးကြားသွားတော့၏။
အမြဲတစေပင် မီးပြတိုက်၏ အတွင်းဘက်သည် တိတ်ဆိတ်ကာ အလုပ်ရှုပ်နေမြဲ။ ပထမထပ်စင်္ကြံ၌ သူတို့လမ်းလျှောက်နေစဉ် စစ်သားလေးဦးသည် အဖြူရောင်ပိတ်စနှင့် ဖုံးအုပ်ထားသည့် အလောင်းနှစ်လောင်းကို သယ်ကာ ဘေးမှဖြတ်သွားသည်။ စဲ့လန်သည် သူတို့နောက်မှ လိုက်ပါလာကာ သူ၏မျက်နှာသည် အနည်းငယ် ဖြူဖျော့နေ၏။ သူသည် လုဖုန်းကိုမြင်သည်နှင့် အတိုချုပ် ရှင်းပြလာသည်။
"စမ်းသပ်မှုမတော်တဆ ဖြစ်သွားပြီး၊ သူတို့ ထိတွေ့မိသွားတယ်"
လုဖုန်းသည် ခေါင်းညိတ်လိုက်ကာ အန်းကျယ်အား ဓာတ်လှေကားဆီသို့ ခေါ်ဆောင်သွားပြီး ဆယ်ထပ်သို့တက်သည်။
ဒေါက်တာကျိသည် ဆယ်ထပ်ရှိ စင်္ကြံ၏အလယ်တွင် မတ်တပ်ရပ်နေ၏။
"မင်းတို့လာပြီပဲ"
လုဖုန်းကမေးသည်။
"ဘာကိစ္စလဲ"