« ၄၂ »

195 36 1
                                    

အခန်း (၄၂)

တောက်ပနေသော နဂါး‌ငွေ့တန်း

သူ့၏sporeသည် ဖန်ချပ်မှတစ်ဆင့် လုဖုန်းကိုထိ‌တွေ့ရန် myceliumအား ဆန့်ထုတ်လိုက်သည်ကို အန်းကျယ် တွေ့လိုက်ရ၏။ လုဖုန်း၏လက် ခွာသွားသည်နှင့် myceliumသည် ငိုက်ကျသွားကာ တစ်ခုခုအား ဆုံးရှုံးလိုက်ရသည့် ခံစားမှု‌ရေးရေးပင်ရှိနေခဲ့သည်။

Spore၏အပြုအမူကို ကြည့်ရင်း ကိုယ်တိုင်ကြုံတွေ့လိုက်ရသည့်အလား အန်းကျယ် အနည်းငယ်ဝမ်းနည်းသွား၏။ လုဖုန်းသည် သူ၏လက်ကို မြှောက်လိုက်စဉ်အခါက sporeထံသို့ ထိုသူ နီးကပ်သွားမည်ကို အန်းကျယ်မလိုလားခဲ့ပေ။ သို့ပေသည့် သူ လက်လွှတ်လိုက်သောအခါ အန်းကျယ်သည် ထိုသူအား ပို၍ကြာကြာနေစေလို၏။

တစ်စက္ကန့်စာ ကာလတိုလေးအတွင်း ကင်မရာသည် အဖြူရောင်ကုတ်အင်္ကျီနှင့် သုတေသီထံသို့ ကူးပြောင်းသွားသည်။ ထိုနမူနာသည် ကူးစက်မှုအပြောင်းအလဲ၌ မကြုံဖူးသော အီနားရှားအား ပြသနေသည်ဟု သူက ဆိုသည်။

"လေးလကြာ စိစစ်မှုနဲ့ သုတေသနအပြီးမှာ နမူနာက ထုတ်ယူထားတဲ့ အရာတွေက ဘယ်သက်ရှိကိုမှ ကူးစက်မှု မဖြစ်စေခဲ့ပါဘူး။ အလားတူပါပဲ၊ ကျွန်တော်တို့ နမူနာကို သန္ဓေပြောင်းဇီဝဆိုင်ရာထုတ်ကုန်နဲ့ ကူးစက်စေတဲ့အခါမှာလည်း သူ့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံမှာ ဘာပြောင်းလဲမှုကိုမှ မတွေ့ခဲ့ရပါဘူး"

မီးပြတိုက်သုတေသီက ရှင်းပြ၏။

"မီးပြတိုက်ကတော့ ဒါဟာ ကျွန်တော်တို့အတွက် သန္ဓေပြောင်းလဲခြင်းကို ကျော်လွှားနိုင်တော့မဲ့ ထိုးဖောက်မှတ်လို့ ထင်မြင်နေပါတယ်"

ဓာတ်ဘူး၏လက်ကိုင်ကို အန်းကျယ် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ လူတို့သည် သူ့၏sporeက သန္ဓေပြောင်းလဲမှုကို ကျော်လွှားမည့် ထိုးဖောက်မှတ်ဟု ဆိုနေကြ၏။ ဤသည်မှာ သူ့၏sporeအား လွန်စွာတင်းတင်းကျပ်ကျပ် ကာကွယ်ထားမည်ဖြစ်ကြောင်းကို ပြသနေသည်။

အဆုံးသတ်တွင် သတင်းကြေညာသူသည် အပြုသဘောဆောင်သော အသံနှင့် သတင်းများကို အကျဉ်းရုံးဖော်ပြသွားပြီး၊ အခြေစိုက်စခန်း၏အနာဂတ်သည် တောက်ပနေပြီဟု ပြောကြားသွားကာ၊ သုတေသီများအား သူတို့၏ အားထုတ်မှုများအတွက် ကျေးဇူးတင်သွားလေသည်။

ရှောင်မော်ကူးWhere stories live. Discover now