အခန်း (၆၅)
သူသည် ထိုကဲ့သို့မကောင်းသည့် မှိုမဟုတ်ပေ
ထို့နောက် ဤအခန်းထဲတွင် ပိုများသောအထောက်အထားတို့ကို သူတို့ ရှာတွေ့သွားသည်။
သံမဏိအနားများသည် အောက်ခြေနှင့် ပေါင်းစပ်သွားပြီဖြစ်ရာ ပြတင်းပေါက်များကို တွန်းဖွင့်ရန်မှာ ခက်ခဲသွား၏။
ထို့ပြင် အရိုးစုကို သေချာစွာ ကြည့်ပါက ၎င်း၏ခြေထောက်အရိုးများသည် ဆိုဖာထဲသို့ ပျောက်ကွယ်သွားပြီဖြစ်သည်။ အကျည်းအတန်ဆုံးသော တည်ရှိမှုသည် အိပ်ခန်းမျက်နှာကြက်တွင် ရှိနေသည့် နှင်းပန်းသဏ္ဌာန်နှင့် တွဲလဲမီးဆိုင်းဖြစ်သည်။ ယင်း၏မီးအုပ်ဆောင်းနှင့် သတ္တုဒေါက်တို့သည် ရောနှောနေကာ တစ်ခုသည် တစ်ခုထဲသို့ပျော်ဝင်နေပြီး၊ အပြီးသတ် လောင်ကျွမ်းနေသော ဖယောင်းတိုင်ကဲ့သို့ အောက်ဘက်သို့ ပျော့ပျော့ပျောင်းပျောင်း စီးကျနေသည်။ မူလမီးအုပ်ဆောင်းဖြူဖြူသည် အနက်ရောင်ဖုန်မှုန့်များနှင့် ဖုံးလွှမ်းနေကာ ဖုန်တစ်စက်စီသည် အပ်အရွယ်အစားရှိသော အနက်ရောင်အစက်ကလေး တစ်စက်ဖြစ်၏။ ၎င်းတို့သည် အတူတကွနီးကပ်စွာ စုပြုံနေသည်မှာ နောက်အခိုက်အတန့်၌ပင် တွန့်လိမ်လှုပ်ရှားလာတော့မည့်အလား။
မဖြစ်ပေါ်လာသင့်သည့် ဤထူးဆန်းသော အရာသည် လူတို့၏ သိမြင်ခြင်းနှင့် သိပ္ပံပညာ၏ ကန့်သတ်ချက်များကို ကျော်လွန်နေသည်။ ၎င်းသည် ကမ္ဘာကြီးသည် မီးတောက်ကြောင့် အရည်ပျော်သွားသော ဖယောင်းသားကဲ့သို့ ဖြည်းဖြည်းချင်း အတူတကွ ပျော်ဝင်နေသည်ဟူသည့် အတွေးမှားအား အန်းကျယ်ကို ရရှိစေ၏။
ရှီးပေ့သည် ဧည့်ခန်းထဲသို့ ပြန်သွား၏။ ကြမ်းပြင်တွင် ထိုင်လိုက်ကာ သူ့အဖိုး၏ခန္ဓာကိုယ်ကို ချီလိုက်ပြီး ထိုင်ခုံမှဝေးရာသို့ မလိုက်သည်။ သူသည် သူ့အဖိုး၏ကိုယ်ခန္ဓာကို ယူဆောင်လိုက်သည်မှာ ထိုင်ခုံသည် သူ့အဖိုး၏ခန္ဓာကိုယ်အား သူ့ထံမှ ခွဲခြားပစ်တော့မည့် ကြောက်မယ်ဖွယ် အကောင်းဆုံးသော သားရဲကောင်ကဲ့သို့ပင်။ ထိုင်ခုံမှဝေးသွားသည်နှင့် သူသည် သူ၏အဖိုးအား မြေပြင်တွင် ချထားလိုက်၏။ သို့သော် သူ့၏ပါးကြွက်သားများသည် ကြောက်ရွံ့စွာနှင့် တဆတ်ဆတ် လှုပ်ရှားနေသည်။ ကြမ်းပြင်သည်ကလည်း သားရဲကောင်ပင်။