အချပ်ပို « ၆ »

218 33 0
                                    

မှို၏ဒိုင်ယာရီ

မြောက်ဘက်အခြေစိုက်စခန်းဆီကနေ သတင်းရောက်လာခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ပျက်စီးမှုကနေလွတ်မြောက်ခဲ့တဲ့ ပင်မမြို့တော်ရဲ့တည်နေရာ‌ဟောင်းက လေဝင်လေထွက်ပြွန်တွေရဲ့ ဗဟိုချက်မှာ လူသားပြတိုက်တစ်ခုကို တည်ဆောက်ဖို့အတွက် သူတို့ စီစဉ်နေကြတယ်တဲ့။ အဲဒါကြောင့် သူတို့က လူတိုင်းနီးပါးရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို တောင်းနေကြတယ်။ သုတေသနအဖွဲ့အစည်းက လူတော်တော်များများကတော့ သူတို့ရဲ့မှတ်တမ်းတွေကို ပေးပြီးသွားပြီ။

ဒါပေမဲ့ လုဖုန်းက မပေးဘူး။

သူ့မှာ ကိုယ်တွေ့မှတ်တမ်းလည်း မရှိသလို၊ သူက ဒိုင်ယာရီလည်း မရေးဘူး။ ပြောရရင်တော့ သူ့ရဲ့အလုပ်မှတ်တမ်းက သူ့ရဲ့ဒိုင်ယာရီပါပဲ။ ဒါပေမဲ့ အဲဒီ့စကားလုံးတွေက အရမ်းဝတ်ကျေတမ်းကျေဆန်လွန်းပြီး၊ စာအုပ်ကလည်း ပျောက်သွားခဲ့ပြီလေ။

လူသားမျိုးနွယ်ရဲ့မှတ်တမ်းတွေ အကုန်လုံးထဲမှာ တရားသူကြီးက စကားလေးတစ်ခွန်းတောင် မချန်ထားခဲ့ဘူး။

- ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ ရာဇဝင်တွေထဲမှာတော့ သူ့အကြောင်းမှတ်တမ်းတွေ၊ ဒါမှမဟုတ် ‌ဝေဖန်ဆွေးနွေးမှုတွေ၊ အဲဒါတွေက ပြတ်လပ်နေမှာမဟုတ်ပါဘူး။ လူသားတွေက သူတို့ရဲ့သမိုင်းကြောင်းကို ရှည်လျားပြီး စီးဆင်းနေတဲ့ မြစ်တစ်စင်းလို့ ယုံကြည်ကြတယ်လေ။ သူက ဘာစကားမှမဆိုဘဲ အဲဒီရှည်လျားတဲ့မြစ်ထဲမှာ သူ့ကိုယ်သူ ကွယ်ဝှက်ထားပေမဲ့လို့ လှိုင်းတွန့်ရဲ့အရိပ်တွေတိုင်းမှာ သူရှိနေတယ်လို့ ထင်ရတယ်။

နောက်ပြီး နောင်နှစ်တွေအများကြီး ကြာသွားတဲ့အခါ လူသားမျိုးနွယ်က သူ့ကို ဘယ်လိုထင်မှာလဲ။ အဲဒီမှာ သူ့ကိုချစ်တဲ့သူတွေ ရှိမှာလား။ သူ့ကိုမုန်းတဲ့သူ‌တွေရှိမှာလား။ သူ့ရဲ့တည်ရှိမှုကို သံသယဝင်တဲ့သူတွေရှိမှာလား။

သူ့ကို နည်းနည်းလောက်ပိုပြီး အစစ်အမှန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။

ကျွန်တော်မသိဘူး။

လူတချို့ကို သူ ချစ်ခဲ့တယ်။ သူ့ရဲ့အမေ၊ သူ့သူငယ်ချင်းတွေနဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေကိုပေါ့။ ဒါပေမဲ့လည်း ဘယ်သူ့ကိုမှတော့ သူ တကယ်ကြီး မမုန်းခဲ့ဖူးပါဘူး။

ရှောင်မော်ကူးWhere stories live. Discover now