အချပ်ပို « ၃ »

255 31 1
                                    

နွေရာသီ

"ကြုံရာတွေ လျှောက်မစားနဲ့"

Abyss၏နွေရာသီသည် ရောက်ရှိလာချေပြီ။

ကုန်းမြင့်ဒေသ သုတေသနအဖွဲ့အစည်းမှ အောက်ဘက်သို့ ကြည့်လိုက်ပါက အနိမ့်အမြင့်များနှင့် ကျယ်ပြောသော အစိမ်းရင့်ရောင်ကုန်းမြေသည် မိုးပြာရောင် ကောင်းကင်ယံနှင့် ထိစပ်နေသော သမုဒ္ဒရာတစ်စင်းကဲ့သို့ပင်။ ခပ်တန်းတန်းရှိ တောင်များတွင် အနက်ရောင်တောင်ပံနှင့် သားရဲကောင်တစ်စုသည် လေထဲ၌ပတ်ဝဲနေကြကာ အော်ဟစ်သံရှည်များကို ပြုလုပ်နေကြ၏။

ကျည်ကျည်ကျာကျာမြည်သံတို့နှင့် တိုက်ခတ်လာသောလေသည် တောင်ထိပ်သို့ ရောက်ရှိလာ၏။ စင်္ကြံတွင် နွယ်ပင်တို့၏ သစ်ရွက်များသည် ယိမ်းထိုးလှုပ်ယမ်းနေကာ အဖြူရောင်ပွင့်ဖတ်တို့သည် နွယ်ပင်များ၏ အဖျားဆီမှ အန်းကျယ်ထံသို့ လွင့်စဉ်ကျလာသည်။ သူသည် လက်မြှောက်လိုက်ကာ ပွတ်ဖတ်တစ်ဖတ်ကို ဖမ်းလိုက်၏။ သူ့၏ဘယ်လက်ထဲတွင် ပွင့်ဖတ်ကို ဆုပ်ကိုင်ထားလျက် သူ့၏အခြားလက်တစ်ဖက်ကို သုံးကာ နွယ်ပင်၏အဖျားနှင့် ဆော့ကစားနေသည်။

သူ့၏အင်္ကျီကော်လာနှင့် ဆံပင်တို့ထက်ရှိ ပွင့်ဖတ်များကို ကူညီဖယ်ရှားပေးရန် လုဖုန်း လက်လှမ်းလိုက်သည်။ အန်းကျယ်သည် ထိုသူ၏အပြုအမူကို ခံစားမိသွားကာ တစ်ဖက်သို့လှည့်လာပြီး၊ နွယ်ပင်အား လုဖုန်း၏အရှေ့သို့ ဆွဲလိုက်၏။

"ခင်ဗျား ကြည့်ကြည့်"

အခုပင် သူသည် နွယ်ပင်ထက်ရှိ အဖြူရောင် ပန်းဖူးအသစ်ကလေးအား ရှာတွေ့ထား၏။

မှန်ပေသည်၊ ထိုနွယ်ပင်တွင် ပန်းဖူးအသစ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ပန်းဖူးသည် ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ မည်းသည်ဖြစ်စေ ဗိုလ်မှူးလု၏ စိတ်ဝင်စားမှုကို နှိုးဆော်လိမ့်မည်မဟုတ်ပေ။ ဗိုလ်မှူးသည် ဂရုမစိုက်ဟန်ဖြင့် ငုံ့လာကာ သူ့၏နဖူးကို နမ်းလာ၏။

"ကျစ်"

သူတို့၏ဆန့်ကျင်ဘက်ရှိ ဒေါက်တာကျိသည် အားရမှုနှင့်ဆင်တူသော အသံတစ်သံကို ပြုလုပ်လာသည်။ သူသည် ပြတင်းပေါက်ဘောင်ကို မှီထားကာ သူ့၏ဘယ်လက်သည် ဓာတ်စမ်းပစ္စည်းတစ်ပုလင်းကို လှုပ်ယမ်းနေလျက်၊ ညာဘက်လက်အား ဘေးဘက်တွင် တွဲလောင်းချထား၏။

ရှောင်မော်ကူးWhere stories live. Discover now