အခန်း (၁၉)
"ဖြိုခွင်းရေးစင်တာဆီသို့ အဆက်အသွယ်ပျောက်ဆုံး"
သူ မှိုအဖြစ်ရှိခဲ့စဉ်အခါက သူ့ထံတွင် အချိန်အပေါ်၌ အယူအဆများစွာ မရှိခဲ့ချေ။ နေထွက်ခြင်း၊ နေဝင်ခြင်းသည် သဘာဝအလျောက် ပြောင်းလဲခြင်းများသာ ဖြစ်ကာ သူ့sporeပျောက်ဆုံးနေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်းကို သူမသိခဲ့ပေ။
(၂)လပိုင်း (၁၄)ရက်နေ့သည် လူတို့၏ရာသီဥတုအရ ဆောင်းရာသီ မကုန်ဆုံးသေးသည့် အချိန်ဖြစ်၏။ မှန်ပေသည်၊ သူ၏sporeပျောက်ဆုံးခဲ့သည့်ညက အေးစိမ့်နေသောလေ တိုက်ခတ်သံသည် သူ့၏မှတ်ဉာဏ်များနှင့် အိပ်မက်များထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်၏။
တူညီသော ဆောင်းဥတုတွင် sporeပျောက်ဆုံးခဲ့သည့် ဒုတိယမြောက်မှိုဟူ၍ သည်ကမ္ဘာပေါ်တွင် ရှိလိမ့်မည်မဟုတ်ပေ။ သူနှင့်လုဖုန်း၏ တွေ့ဆုံမှုသည် မြို့တော်ဂိတ်တွင် ဆုံတွေ့မှုထက် များစွာ ပို၍စောခဲ့သည်ပင်။ သူနှင့်နံရံတစ်ချပ်သာ ခြားနေသည့် တရားသူကြီးသည် သူထံမှ sporeအား ကိုယ်တိုင်ကိုယ်ကျ ယူသွားသည့်သူဖြစ်၏။
သူ ရပ်တန့်လိုက်ကာ အလုပ်မှတ်တမ်းအား နောက်သို့ လှန်လိုက်သည်။ နောက်စာမျက်နှာ၊ (၂)လပိုင်း(၂၀)ရက်နေ့တွင် လုဖုန်းသည် အခြေစိုက်စခန်းသို့ ပြန်လာခဲ့ကာ နမူနာအား မီးပြတိုက်သို့ လွှဲပြောင်းလိုက်သည်ဟု ရေးသားထား၏။
သူ့၏အကြည့်သည် ထိုစာကြောင်း၌ သုံးစက္ကန့်မျှ ရပ်တန့်သွားကာ အန်းကျယ်သည် မှတ်တမ်းအား (၆)လပိုင်း(၁၇)ရက်နေ့သို့ ပြန်လှန်လိုက်ပြီး၊ ဘယ်တုန်းကမျှ မဖတ်ခဲ့သည့်အလား အနက်ရောင်ဘောပင်ကို ပြန်ထားလိုက်သည်။
အန်းကျယ်သည် မှတ်တမ်းမှ စားပွဲအနောက်ရှိ နံရံဆီသို့ ကြည့်လိုက်၏။ တရားသူကြီးတစ်ဦး၌ အခြေစိုက်စခန်းရှိ မည်သူမဆိုအား ပစ်ခတ်နိုင်သည့်၊ သို့မဟုတ် မြို့တော်ရှိ အစိုးရဌာနအားလုံးကို ပူးပေါင်းဆောင်ရွက်ရန် အမိန့်ပေးနိုင်သည့် အမြင့်ဆုံးအာဏာ ရှိသည်။ ထိုနေ့က ထောက်ပံ့ရေးစခန်း၌ လုဖုန်း လုပ်ခဲ့သည့်အတိုင်း အရေးပေါ်အခြေအနေတွင် သူတို့သည် မြို့တော်ကာကွယ်ရေးစခန်းမှ စစ်သားအားလုံးကို စုစည်းနိုင်သည်။ သို့သော် ထိုမြင့်မားသည့် အဆင့်အတန်းရှိသည့်တိုင် မြို့တော်ကာကွယ်ရေးစခန်းရှိ လုဖုန်း၏နေအိမ်သည် အန်းကျယ်၏ ကိုယ်ပိုင်အခန်းထက်ပင် လူသူကင်းမဲ့ကာ ပိုမိုရိုးရှင်း၏။ နံရံများကိုပင် ခပ်ပါးပါးဆေးသုတ်ထားရာ အနောက်ဘက်ရှိ မီးခိုးရောင်ဘိလပ်မြေမျက်နှာပြင်အား လှစ်ဟပြသနေသည်။