« ၈၁ »

174 28 0
                                    

အခန်း (၈၁)

"လုပ်နိုင်ပါတယ်"

"လုဖုန်း!"

ဟတ်ဘတ်ဒ်သည် အော်ဟစ်လိုက်ပြီး, လုဖုန်း၏ လက်ချောင်းတို့သည် နီရဲကာ ဖြူဖျော့လာသည်အထိ အခန်းငယ်၏တံခါးအား ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည်။

အနည်းငယ် ငိုက်စိုက်ကျနေသော မျက်တောင်တို့နှင့် ဗလာသက်သက် မျက်လုံးများသည် သူတို့သခင်၏ဆုံးရှုံးမှုကို ဖုံးကွယ်ပေးရန် ကြိုးစားနေသည့်ပုံပေါ်သော်ငြား တုန်ယင်နေသော လက်ချောင်းတို့ကမူ အရာရာကို ထုတ်ဖော်ပြသ‌နေ၏။

မီးပင်လယ်၏အလယ်တွင် သူ့၏အသံသည် အက်ကွဲနေသော်ငြား တည်ငြိမ်ကာ ဩဇာပြည့်လျှမ်းနေဆဲပင်။

"တိုက်ခိုက်ဖို့ အသင့်ပြင်ထား"

မမျှော်လင့်ပါဘဲ ဤတိုက်ခိုက်မှုသည် ထိုမျှမခက်ခဲချေ။

သားရဲကောင်တို့၏ တိုက်ခိုက်မှုများသည် များစွာအရှိန်လျော့သွားသည့်ပုံရ၏။ အဆုံးတွင်တော့ ၎င်းတို့သည် တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား သဲသဲမဲမဲ၊ ရူးရူးနှမ်းနှမ်း မတိုက်ခိုက်တော့ပေ။ ထိုအစား ၎င်းတို့သည် သာမန်အမဲလိုက်ခြင်းကိုသာလျင် လုပ်ဆောင်နေကြ၏။

ထိုသာမန်အမဲလိုက်ခြင်းတွင် သားရဲကောင်အချို့သည် တစ်ဖက်သို့ လှည့်ကာ Abyssရှိရာ လမ်းကြောင်းသို့ ပြန်သွားကြသည်။ အချို့သည် အဖွဲ့အစည်းကို ဆက်လက်တိုက်ခိုက်နေ၏။ သုတေသနအဖွဲ့အစည်းထဲသို့ ဝင်ရောက်နှင့်ပြီးသော သားရဲကောင်အများစုသည် ဆင်မ်ဆန်လှောင်အိမ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် ဆင်မ်ဆန်လှောင်အိမ်၏စွမ်းအင်သည် ကုန်ခန်းသွားကာ တဖြည်းဖြည်း စတင်ငြိမ်းသက်သွားသည်။ သို့ပေသည့် သုတေသနအဖွဲ့အစည်းသည် စတင်၍ ပြန်လည်တိုက်ခိုက်ခဲ့ကာ ၎င်းတို့၏ စီးနင်းမှုများကို ထိရောက်စွာ ခုခံထား၏။

အစွန်းပိုင်းရှိ သားရဲကောင်များအတွက်သည်တော့ ယင်းတို့အား PL1109၏ အသေးစား နျူကလိယဗုံးများနှင့် လက်နက်ကြီးများက ခိုင်ခိုင်မာမာ ပိတ်ဆို့ထားသည်။ ဤနေရာသည် ကန္တာရတောင်တစ်‌တောင်ပင်။ ထိပ်ဆုံးရှိ ခြံဝင်းငယ်လေးမှလွဲ၍ ချုပ်တည်းထားနေရန် မလိုအပ်။ မြေအောက်မြို့တော် အခြေစိုက်စခန်း၏ ကျယ်ပြောသော မြေပြန့်လွင်ပြင်များအပေါ်၌ ကဲ့သို့ပင် တိုက်လေယာဉ်ဖွဲ့စည်းမှုသည် ဤနေရာတွင် သူ့၏ကဏ္ဍကို အမှန်တကယ် လုပ်ဆောင်နေသည်။

ရှောင်မော်ကူးWhere stories live. Discover now