နေ့တစ်နေ့
"ကျေးဇူးတင်ပါတယ်"
အန်းကျယ်သည် ခေါင်းမော့လိုက်ကာ လုဖုန်းကို မျက်မှောင်ကြုတ်လိုက်၏။ သူသည် မပျော်မရွှင်ဖြစ်နေလျက် သူ့၏မျက်လုံးတို့သည် နီရဲနေ၏။ အဆုံးတွင် သူသည် လုဖုန်းကို စကားမပြောတော့။ သူသည် လက်ဆန့်လိုက်ကာ လုဖုန်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရင်း လက်ကို ဖယ်ပစ်ရန် ကြိုးစားသည်။
သို့သော်ငြား ထိုသူ၏ခွန်အားသည် သူ့ထက် များစွာသာပေရာ အန်းကျယ်သည် ထိုသူ့အား လုံးဝ မဖယ်နိုင်ချေ။ ကြိမ်ဖန်များစွာ ကြိုးပမ်းပြီးသည့်နောက် သူသည် သူ့၏လက်ချောင်းတို့အား myceliumအဖြစ်သို့ အလွယ်တကူ ပြောင်းလိုက်ကာ လုဖုန်း၏လက်မောင်းကို ရစ်ပတ်လိုက်ပြီး၊ လက်ကို အပြင်ဘက်သို့ ဆွဲ၏။ သို့ပေသည့် နူးညံ့သော myceliumသည် သူ့၏လူသားသဏ္ဌာန်ထက် များစွာပို၍ အားနည်းရာ အားအနည်းငယ်မျှနှင့်ပင် ကျိုးပဲ့သွားနိုင်သည်။
"မဆွဲနဲ့"
လုဖုန်းသည် သူ၏နားများထဲသို့ ပြောလိုက်ကာ၊ အသံသည်ကား တိုးတိုးလျလျ။
အန်းကျယ် သူ့ကို လျစ်လျူရှု ထားလိုက်သည်။
လုဖုန်းသည် တိုးတိုးညင်းညင်း ရယ်၏။ သူ၏လက်ချောင်းတို့သည် ဆွတ်ဆွတ်ဖြူနေသော myceliumတို့ကိုထိကာ ခွဲထုတ်လိုက်ပြီး၊ သူ့၏လက်ချောင်းတို့အား အန်းကျယ်ဝမ်းဗိုက်၏ အရေပြားထက်သို့ တစ်ခါထပ်မံ၍ တင်လိုက်သည်။
"နောက်ထပ် ရှိသေးလား"
သူက မေး၏။
"မရှိတော့ဘူး"
အန်းကျယ်၏လေသံသည် ဆိုးဆိုးဝါးဝါး။
ထိုလူ၏ sporeလုယူသွားခြင်းကို သူသည် တစ်ခါခံခဲ့ရပြီးဖြစ်ရာ အဘယ်ကြောင့် ဒုတိယအကြိမ် တူးယူသွားခွင့်အား ပြုနိုင်တော့မည်နည်း။ ထို့အပြင် ယခု သူ့တွင် sporeအသစ်သည် အမှန်တကယ် မရှိပေ။
ထူးထူးဆန်းဆန်းပင် မူလsporeသည် ပျောက်ဆုံးသွားကာ သူ့၏ခန္ဓာကိုယ်ထဲတွင် မည်သည့်sporeအသစ်မျှ မတည်ရှိသော်ငြား လစ်ဟာနေသော ခံစားမှုသည်ကလည်း သူ့အား စွန့်ခွာသွား၏။ သူ့၏ခန္ဓာကိုယ်ထဲတွင် ဘယ်သောအခါမှ ဖြည့်နိုင်မည်မဟုတ်သည့် ခေါင်းပေါက်ဟူ၍ မရှိတော့။ ထို့ပြင် သူ့၏စိတ်ဝိညာဉ်သည် တည်နေရာ မသိရသော sporeကိုလည်း ဂရုစိုက်ပူပန်နေခြင်း မရှိတော့သည်မှာ - ဟိုးအရင်အချိန် အန်းကျယ် မွေးဖွားလာခဲ့စဉ်အခါက ကဲ့သို့ပင်။ နိုးထလာသည့်အခိုက်အတန့်တွင် သူသည် သည့်ထက်ပို၍ မပြည့်ဝနိုင်တော့ချေ။