« ၄၃ »

196 33 0
                                    

အခန်း (၄၃)

ကြားလျှင်ပြန်ဖြေပါ

"အရေးပေါ်ဓာတ်အားထောက်ပံ့မှုကို ဖွင့်လိုက်ပါပြီ"

"ဌာနတွင်း အရေး‌ပေါ်ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖွင့်လိုက်ပါပြီ"

"အရေးပေါ်အကာအကွယ်စနစ်ကို အသက်သွင်းလိုက်ပါပြီ"

"လေဝင်လေထွက်စနစ်ကို ဖွင့်လိုက်ပါပြီ"

"ဓာတ်ရောင်ခြည်ကာကွယ်ရေး ပြတင်းပေါက်တွေကို ချလိုက်ပါပြီ"

"ဌာနများအားလုံး၊ အသင့်အနေအထားနဲ့ ရှိနေပေးပါ"

စင်္ကြံတွင် ရုတ်ရုတ်သဲသဲ ခြေသံများနှင့် အော်ဟစ်သံများ ရှိနေသည်။ ရေဒီယိုပွင့်လာ၏။ သို့သော် စက်ရုပ်အသံ မဟုတ်တော့ဘဲ လူသားအမျိုးသမီး၏အသံ ပေါ်ထွက်လာသည်။

အသံတိတ်သွားသည်နှင့် ခပ်အုပ်အုပ်ဆူညံသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ဆက်လက် ပျံ့လွင့်သွား၏။ အန်းကျယ် စင်္ကြံဆီသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ အေးစက်သော သံမဏိကန့်လန့်ကာသည် ရုတ်တရက်ပြုတ်ကျသွားပြီး ပြတင်းပေါက်အားလုံးကို ပိတ်ဆို့သွား၏။ ၎င်းမှာ အလွန်ထူထဲသည့် ပုံပေါ်ကာ ကဗျာဆရာ၏စကားများကို အန်းကျယ် သတိရသွားသည်။ သံလိုက်စက်ကွင်း ပျောက်ကွယ်သွားသည်နှင့် ဓာတ်ရောင်ခြည်တန်းများနှင့် solar windသည် ချက်ချင်းပင် ကမ္ဘာ့မျက်နှာပြင်ကို လာရောက်ရိုက်ခတ်မည်ပင်။

ထို့ကြောင့် ဓာတ်ရောင်ခြည်တန်းများ ရောက်ရှိနိုင်မည့်နေရာကို စွန့်ခွာကာ လုဖုန်းသည် သူ့အား စင်္ကြံထဲသို့ ဆွဲခေါ်လာခြင်းကို သူသိသည်။ ပင်မမြို့တော်ရှိ အဆောက်အဦများသည် လူသားသိပ္ပံနည်းပညာ၏ အထွတ်အထိပ်ဖြစ်၏။ နံရံများ၏ထုနှင့် နံရံထဲရှိ အထူးပစ္စည်းများသည် ဓာတ်ရောင်ခြည်တိုက်ခိုက်မှုကို ကာကွယ်နိုင်သည်။

စည်းလုံးရေးအရှေ့ဗဟို အ‌ဆောက်အဦရှိ မီးများသည် ကသုတ်ကရက်ဘပိတ်သွားပြီးနောက် ၎င်းတို့သည် ဖြည်းဖြည်းမှန်မှန်နှင့် တဖန် ပြန်လင်းလာ၏။ သို့သော် ဤအကြိမ်၌ မီးရောင်များသည် ယခင်ကထက် များစွာအားနည်းနေကာ အဖြူဖျော့ဖျော့သာ ရှိသည်။

ရှောင်မော်ကူးWhere stories live. Discover now