« ၇၁ »

179 27 0
                                    

အခန်း (၇၁)

"လူတို့အတွက် စိတ်ကူးကြည့်၍ပင် မရနိုင်သည့် အပြောင်မြောက်ဆုံးသော လက်ရာတစ်ခု"

ထို့နောက်တွင် တစ်ခုခုကျိုးပဲ့သွားသည့်အသံ ထွက်ပေါ်လာသည်။

ထန်လန်သည် မျက်မှောင်ကြုတ်လိုက်ကာ ခြေလှမ်းကျဲကျဲနှင့် အပြင်သို့ ထွက်သွားသည်။

စူးစူးဝါးဝါး‌အော်သံများ ဆက်လက်ရှိနေကာ တိုက်ခိုက်နေသည့် အသံများလည်း ထွက်ပေါ်နေ၏။

ကောင်လေးသည် သိသိသာသာပင် တွန့်သွားပြီး အန်းကျယ်၏လက်မောင်းအား ဆုပ်ကိုင်လာသည်မှာ အကာအကွယ် ရှာ‌ဖွေနေသည့်အလား။ သို့တိုင် သူက ဆိုလာသည်။

"မကြောက်နဲ့။ တစ်ယောက်ယောက် သားရဲကောင်အဖြစ် ပြောင်းသွားတာ။ အစ်ကိုထန် သူ့ကို တိုက်နိုင်တယ်"

ပွင့်နေသော တံခါးမှတစ်ဆင့် သူတို့ လှမ်းကြည့်လိုက်ရာ အလယ်ရှိ ဟင်းလင်းပြင်နေရာတွင် လူပုံသဏ္ဌာန်တစ်ခု လူးလိမ့်နေသည်ကို ‌တွေ့လိုက်ရ၏။ သိပ်သည်းလှသော အတက်အလက်များသည် သူ၏ကျောပြင်မှ စူထွက်နေကာ သူ၏မျက်နှာရှိ အင်္ဂါရပ်တို့သည် ပျက်ပြားနေပြီး မီးခိုးရောင် အဖုကြီးတစ်ခုအဖြစ် ပုံပန်းပျက်နေ၏။ သူ၏ခြေလက်တို့သည် သွေးရူးသွေးတန်း တိုက်ခိုက်နေကာ သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းသည် တိုက်ခိုက်ရန် နွယ်ပင်အဖြစ်သို့ ပြောင်းသွားသည်။ ထန်လန်သည် ဝင်ရောက်ပူးပေါင်းလိုက်ကာ အားသိပ်မထုတ်လိုက်ရဘဲ သားရဲကောင်ကို နှိမ်နင်းလိုက်၏။

"ချုပ်ထားလိုက်"

ထန်လန်က အမိန့်ပေးသည်။

ထိုအရာကို ခေါ်ဆောင်သွားကြပြီး ထန်လန်သည်လည်း အခန်းထဲသို့ ပြန်လာခဲ့သည်။

"အခုတော့ ငါတို့ဆီမှာ လူသားအသိစိတ် ရှိနေသေးပေမဲ့ ဘယ်အချိန်မှာ ပျောက်သွားမလဲ မသိနိုင်ဘူး"

ကောင်လေးသည် လေသံနှင့်ဆိုလာ၏။

"အဲဒါကြောင့် လူတစ်ယောက် ဖြစ်နေနိုင်တဲ့အချိန်တွေကို တန်ဖိုးထားတယ်"

ထိုအခိုက်အတန့်တွင် ပြတင်းပေါက်မှ အသံတစ်သံဝင်ရောက်လာသည်။ အန်းကျယ်သည် အောက်သို့ငုံ့ကြည့်လိုက်ရာ အဆောင်အဦ၏ရှေ့ ဟင်းလင်းပွင့်နေသော နေရာတွင် ဝင်းထိန်နေသည့် ကြီးမားလှ‌သော စက်ကိရိယာတစ်လုံးကို တွေ့လိုက်ရ၏။

ရှောင်မော်ကူးWhere stories live. Discover now