« ၂၂ »

247 44 1
                                    

အခန်း (၂၂)

ကောင်းမှုမကောင်းမှုအပေါ် အခြေခံ၍ ဘုရားသခင်သည် လောကကြီးကို တရားစီရင်သည်

လုဖုန်းသည် အန်းကျယ်အား ခေါင်းတွင် ယူနီဖောင်းjacket ပတ်ထားလျက် ခေါ်ထုတ်သွားသည်။

သေချာပေါက်ပင်၊ ကဗျာဆရာနှင့် သူဌေးရှောင်သည်လည်း ခေါ်ထုတ်ခြင်းခံရ၏။ သို့သော် သူတို့သည်ကား သူတို့၏ခေါင်းများကို သူတို့၏လက်တို့နှင့် အုပ်ထားရပေသည်။

အဆောက်အဦ၏ တံခါးဝတွင် လုဖုန်းသည် သေးငယ်သည့် နှုန်းလွန်အသံလှိုင်း အသံထုတ်စက်ကို ဖွင့်လိုက်ကာ အချင်းဝက်ဆယ်မီတာ အကွာအဝေးအား ယာယီရှင်းလင်းလိုက်သည်။ အန်းကျယ်သည် ကားထဲသို့ လုံခြုံစွာရောက်ရှိသွား၏။ ကဗျာဆရာနှင့် သူဌေးရှောင်သည်လည်း အလျင်အမြန် ပြေးဝင်လာသည်။ လူသုံးယောက်သည် အနောက်ခုံတွင် ကျပ်သိပ်နေ၏။

လုဖုန်းသည် ယာဉ်မောင်းထိုင်ခုံသို့ ပြန်ရောက်ကာ ဆိုလာ၏။

"ဝန်ပိုနေတာပဲ"

တရားသူကြီးသည် ထပ်မံ၍ သူ့အား ပစ်မှတ်ထားနေပြန်သည်ဟု ရှင်းပြရခက်စွာ အန်းကျယ် ခံစားလိုက်ရသည်။

သူဌေးရှောင်သည် စကားပြောရန် လက်ဦးမှု ယူလိုက်၏။

"ဗိုလ်မှူးကို သတင်းပို့ပါတယ်။ ကျုပ် လူမဟုတ်ပါဘူး၊ ကျုပ်က ဝန်ပိုမဟုတ်ပါဘူး"

"ဪ"

လုဖုန်းက ဆိုလာသည်။

သူသည် နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်၏။

"နှုန်းလွန်အသံလှိုင်း အသံထုတ်စက် ကယ်ဆယ်ရေးအစီအစဉ်က ဖြစ်နိုင်ခြေရှိတယ်။ နေထိုင်သူတွေကို အကြီးစားရွေ့ပြောင်းမှု စီစဉ်ပေးဖို့ အကြံပြုပါတယ်"

ထို့နောက် ဟောင်းဝါ့ဒ်၏အသံသည် ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။

"မြေအောက်အမိုးအကာဆီကို ရွေ့ပြောင်းဖို့?"

လုဖုန်းပြန်ဖြေလိုက်၏။

"လုံခြုံရေးကို အတည်ပြုဖို့ ခရိုင်(၈)အမိုးအကာဆီ ကျွန်တော်သွားမယ်"

ရှောင်မော်ကူးWhere stories live. Discover now