« ၁၇ »

196 36 0
                                    

အခန်း (၁၇)

အန်းကျယ် အလွန်ဒေါသထွက်ရလွန်းသဖြင့် အမျှင်များပင် ဆန့်ထွက်ချင်လာ၏

"ငါလူး!"

ကျင့်စန်းသည် အော်ဟစ်လိုက်၏။

"ငါ့အောက်မှာဟ!"

သူပြောသည်မှာ မှန်၏။ နောက်အခိုက်အတန့်တွင် သူ့ခြေထောက်အောက်ဘက်ရှိ မြေကြီးလှုပ်ခါနေသည်ကို အန်းကျယ် ခံစားလိုက်ရသည်။ ထိုခံစားချက်သည် အရမ်းနီးကပ်ကာ အလွန်ပင် စစ်မှန်လွန်း၏။ လေးလံသည့် တူကြီးနှင့် ကြမ်းပြင်၏ တစ်ဖက်ခြမ်းအား ထုနှက်ရိုက်ခတ်နေသကဲ့သို့ပင်။

ပြီးနောက် ရုတ်ခြည်းပင် စင်္ကြံလမ်း၏အဆုံးတွင် ကျယ်လောင်သော ပြိုလဲကျသံကြီးတစ်ခု ထွက်‌ပေါ်လာတော့သည်။ သံတံခါးသည် အပိုင်းပိုင်း အစိတ်အစိတ်ဖြစ်သွားကာ ထိုနေရာရှိ အကျဉ်းသားများသည် အထိတ်တလန့် အော်ဟစ်လာကြ၏။

"ဟိုဘက်မှာလည်း ရှိသေးတယ်"

ကဗျာဆရာ၏ စကား‌ပြောနှုန်းသည် ရုတ်တရက် ဆိုသလို မြန်ဆန်လာ၏။

"မြေအောက်သတ္တဝါ၊ ကြွက်ကြီးတွေလား။ သူတို့က အုပ်စုလိုက်နေတာလေ။ အရှေ့တောင်အခြေစိုက်စခန်းက - "

စကားမဆုံးမီပင် သူသည် စကားလုံးတို့အား အလျင်အမြန် ပြောင်းလဲလိုက်သည်။

"မဟုတ်ဘူး။ ကြွက်တွေက ဒီလောက်အားမရှိဘူး။ မြေအောက်..."

ခြေသံတို့ ထွက်ပေါ်လာကာ အနက်ရောင်ဝတ်စစ်သားအုပ်စုသည် လှေကားမှ လျင်မြန်စွာ ဆင်းလာကြ၏။ လက်နှိပ်ဓာတ်မီးများ လင်းလက်လာပြီး စင်္ကြံရှိ လော်စပီကာထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"မလန့်ကြပါနဲ့။ မြို့တော်ကာကွယ်ရေးစခန်းရဲ့အောက်ခြေက ဘိလပ်မြေတွေ၊ အထူးသံမဏိပြားတွေ ထည့်ထားလို့ အရမ်းခိုင်ပါတယ်။ ကျွန်တော်တို့ အကြောင်းအရင်းကို ရှာဖွေနေပါတယ်။ မလန့်ကြပါနဲ့"

အကယ်၍ သူတို့သည် အော်ဟစ်မနေဘဲ အကျဉ်းထောင်တံခါးများကို မြန်မြန်ဖွင့်ကာ အကျဉ်းသားများကို ထွက်ခိုင်းပါက ထိုစကားများသည် ပို၍ ယုံကြည်စိတ်ချရပေမည်။

ရှောင်မော်ကူးWhere stories live. Discover now