« ၇၈ »

149 26 0
                                    

အခန်း (၇၈)

ယင်းသည်ဂရုမစိုက်

"မလုပ်နဲ့"

ပေါ်လီသည် သူ့ကို ပြော၏။

"ငါတို့ အဲဒီလိုယုတ္တိမရှိတဲ့ တောင်းဆိုမှုမျိုး လုပ်လို့မရဘူး"

"အခြေစိုက်စခန်းမှာ အရေးပေါ်စနစ်ရှိတယ်။ သူတို့ ကြိုတင်ပြင်ဆင်ထားသရွေ့ အသက်ရှင်နိုင်မှာပဲလေ"

"သံလိုက်ဝင်ရိုးစွန်းအတုတွေ ပိတ်သွားတဲ့ အချိန်တိုလေးအတွင်းမှာ ပုံပျက်မှုကြောင့် စက်ပစ္စည်းက ပျက်စီးသွားရင်ရော? ဆောင်းရာသီမှာ သံလိုက်စက်ကွင်းရဲ့ ကာကွယ်မှုကို ဆုံးရှုံးသွားတာနဲ့ ပတ်ဝန်းကျင်က နွေတုန်းက ဖြစ်ခဲ့တာထက်ကို ပိုပြီးဆိုးလာမှာ။ ဆင်မ်ဆန်လှောင်အိမ်ရဲ့ အကွာအ‌ဝေးအတွင်းမှာ သီးခြားသံလိုက်ဝင်ရိုးစွန်းတွေနဲ့ ပြောင်းပြန်တွန်းအားစက်ကွင်းကို ငါ လှုံ့ဆော်ပေးနိုင်တယ်။ အဲဒါက သံလိုက်စက်ကွင်းအတုကို ချေဖျက်ပြီး သံလိုက်ဓာတ် မပါတဲ့နေရာကို ဖန်တီးပေးလိမ့်မယ်"

"ခင်ဗျားရဲ့ကျွမ်းကျင်မှုကို ကျွန်တော် နားမလည်ပါဘူး"

ထန်လန်က ဆိုသည်။

"ဒါပေမဲ့ သံလိုက်စက်ကွင်းအတုကိုယ်တိုင်က အရမ်းရှုပ်ထွေးတယ်။ ကြိမ်နှုန်းတွေက ခက်လောက်မှာပဲ"

"အရင်အလုပ်တွေထက် အများကြီး ပိုရိုးရှင်းတာလည်း ဖြစ်နိုင်တာပဲ"

ထန်လန်သည် ချေပ၏။

"ဒါပေမဲ့လည်း အမြန်ဆုံးနည်းလမ်းက အခြေစိုက်စခန်းက သံလိုက်ဝင်ရိုးစွန်းတွေကို ခဏလောက် ပိတ်ပေးတာပဲရှိတယ်"

"ငါတို့ အဲဒီလို လုပ်လို့မရဘူး"

"ကျွန်တော်..."

ထန်လန်သည် ပေါ်လီ့ကို ကြည့်လိုက်သည်။

"ခင်ဗျားရဲ့သုတေသနက မှန်တယ်ဆိုတာ ကျွန်တော်သိတယ်။ ဒီကပ်ဘေးကို ဆယ်စုနှစ်များစွာ ခင်ဗျား လေ့လာနေခဲ့တာ။ လှိုင်းအတက်အကျကို မြင်နိုင်သရွေ့ အဖြေကို ခင်ဗျား သေချာပေါက် ရှာတွေ့မှာ။ အမြဲတမ်းလိုပဲ ခင်ဗျားက အရမ်းကြင်နာလွန်းတယ်"

ရှောင်မော်ကူးWhere stories live. Discover now