ပြဿနာတစ်ခု
အင်ဂျင်သည် ခပ်အုပ်အုပ် မြည်ဟည်းနေ၏။ ဆောင်းရာသီ၏ ကြည်လင်ကာ လှိုင်းထသော နေရောင်ခြည်အောက်တွင် ဧရာမတိုက်လေယာဉ်၏ အားပြင်းလှသည့် လေအဟုန်သည် မြေပြင်ထက်တွင် စုပုံလျက်ရှိသော နှင်းမှုန်တို့အား ပွထသွားစေ၏။ နှင်းတို့သည် ဖုန်မှုန့်များနှင့် ရောနှောသွားကာ အဖြူရောင်နှင်းပွင့်တို့သည် လေထဲတွင် တဖျပ်ဖျပ်လှုပ်ခါသွားသည်။ လုဖုန်းသည် ထိုနေရာသို့ လမ်းလျှောက်သွားကာ၊ လေယာဉ်မှူး၏အသံသည် walkie-talkieမှတစ်ဆင့် ထွက်ပေါ်လာ၏။
"မြောက်ဘက်အခြေစိုက်စခန်းဆီကနေ သတင်းစကားရထားတယ်။ ဆောင်းရာသီရောက်လာပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ သားရဲကောင်တွေ ကျူးကျော်လာခဲ့ကြပြီး၊ ပမာဏကလည်း အတော်အသင့်များတယ်။ အခြေစိုက်စခန်းက အဆက်မပြတ် စစ်ကူတောင်းနေတယ်။ မြန်မြန်သွားကြရအောင်"
- 'ခေါင်းလောင်းသံ' ပေါ်လာပြီးသည့်နောက် မြောက်ဘက်အခြေစိုက်စခန်း၏ စစ်အင်အားသည် နှစ်စုကွဲသွားခဲ့၏။ တစ်စုသည် မူရင်းအခြေစိုက်စခန်းတွင် ကျန်ရှိနေခဲ့ကာ၊ ကျန်တစ်စုသည်ကား Abyssထဲရှိ သက်ရှိပုံစံတို့၏နမူနာကို စုဆောင်းရာတွင် ကူညီရန်နှင့် ရုပ်ဝတ္ထုကြိမ်နှုန်းတို့၏ သုတေသနအား မြှင့်တင်ပေးနိုင်ရန်အတွက် ကုန်းမြင့်ဒေသ သုတေသနအဖွဲ့အစည်း၌ စခန်းချထားခြင်းဖြစ်သည်။ အခြေစိုက်စခန်းနှင့် သုတေသနအဖွဲ့အစည်းတို့သည် ၎င်းတို့၏ကွဲပြားချက်များကို ညှိနှိုင်းခဲ့ကြပြီးဖြစ်ရာ မြောက်ဘက်အခြေစိုက်စခန်း တိုက်ခိုက်ခံရစဉ် ကုန်းမြင့်ဒေသစစ်သည်တို့ထံမှ စစ်ကူတောင်းခံခြင်းမှာ အပြည့်အဝ ကျိုးကြောင်းဆီလျော်ပေသည်။
ထိုသို့ အန်းကျယ်တွေးခဲ့၏ -
အကယ်၍ ထိုကဲ့သို့အရေးကြီးကာ အလျင်လိုသော တာဝန်မျိုး မရရှိခဲ့ပါလျှင် လုဖုန်းသည် သူ့၏ကျန်ရှိနေသော ဘဝသက်တမ်းတွင် မြောက်ဘက်အခြေစိုက်စခန်းထံသို့ ဘယ်သောအခါမှ ပြန်သွားလိမ့်မည် မဟုတ်ဟုပင် သူ သံသယဖြစ်ခဲ့သည်။ အခြားစကားနှင့်ဆိုရပါလျှင် လုဖုန်းသည် ထိုနေရာသို့ပြန်သွားရန် အတွေးကိုပင် ပယ်ဖျက်ထားခဲ့သည်ဟု သူ ထင်မိခဲ့သည်။ သို့သည့်တိုင် ထိုအဆောတလျင် တာဝန်အတွက် အမိန့်ရရှိပြီးသည့်နောက် ဗိုလ်မှူးသည် PL1109၏ လေယာဉ်ပြေးလမ်းထံသို့ လှမ်းလျှောက်သွားရန် ရွေးချယ်ခဲ့ဆဲဖြစ်သည်ပင်။