« ၈၃ »

189 37 0
                                    

အခန်း (၈၃)

"သူက ကျွန်တော့်ကို စီရင်ချက်ချမဲ့သူ"

နောက်ဆုံးတိုက်ပွဲ ပြီးဆုံးပြီးသည့်နောက် သုံးနှစ်ကြာခဲ့လေပြီ။

ထိုနေ့က အရှေ့ဘက်ဝင်ရိုးစွန်းနှင့် အနောက်ဘက်ဝင်ရိုးစွန်းတို့သည် အပြည့်အဝ တည်ငြိမ်သော ကြိမ်နှုန်းတစ်ခုအား အတူတကွ ‌ထုတ်လွှတ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ သားရဲကောင်တို့သည် လူသားအခြေစိုက်စခန်းတို့အပေါ် နောက်ထပ်‌သော မရမကတိုက်ခိုက်ခြင်းများ မရှိတော့ပေ။ အရာဝတ္ထုများသည်လည်း တစ်ခုကိုတစ်ခု မညစ်ညမ်းစေတော့သကဲ့သို့၊ လူသားတို့သည်လည်း ပုံပျက်ခြင်းထံမှ မည်သည့်ပြောင်းလဲမှုမျှ မ‌ကြုံရတော့ချေ။ နောက်ပိုင်းတွင် ထိုကြိမ်နှုန်းကို 'ခေါင်းလောင်းသံ'ဟု ခေါ်ဆိုလိုက်၏။

ကုန်းမြင့်ဒေသ သုတေသနအဖွဲ့အစည်းနှင့် ခေါင်းလောင်းသံကို တွေ့ရှိခဲ့သော မစ္စတာပေါ်လီတို့အား လူ့သမိုင်းကြောင်းတွင် အစဥ်အမြဲ အမှတ်ရနေလိမ့်မည်ပင်။

ကုန်းမြင့်ဒေသသုတေသနအဖွဲ့အစည်း။

အစိမ်းရောင်နွယ်ပင်တို့သည် ပြတင်းများနှင့် လက်ရန်းတို့ကို လွှမ်းခြုံကာထား၏။ အဖွဲ့အစည်းကို စောင့်ကြပ်ခဲ့သည့် သန္ဓေပြောင်းနွယ်ပင်သည် လွန်ခဲ့သောတစ်နှစ်က သဘာဝအလျောက် ဆုံးပါးသွားခဲ့သည်။ ယင်း၏မျိုးစေ့များသည် အဖွဲ့အစည်း၏ မြေဆီလွှာထက်သို့ လွင့်စဉ်သွားခဲ့ကာ သည်နွေဦးတွင် အကိုင်းတို့သည် အစို့အညှောက်များထွက်လာ၏။ ခပ်တန်းတန်းရှိ တောင်တို့အား ဆွတ်ဆွတ်ဖြူနေသော မြူတစ်လွှာနှင့် ခြုံလွှမ်းထားကာ မြူခိုးတို့သည် စိမ်းလန်းစိုပြည်နေ၏။ အရာအားလုံးသည် ပုံမှန်ဖြစ်၍၊ အရာရာတိုင်း တည်ငြိမ်နေသည်မှာ (၂၀၂၀) ခုနှစ်၏ နွေဦးနေ့ရက်တစ်ရက်အလား။

ဓာတ်ခွဲခန်း၏အပြင်ဘက် စင်္ကြံတွင် ဘီးတပ်ကုလားထိုင်တစ်လုံး ရှိနေသည်။

ပေါ်လီသည် ၎င်းအပေါ်တွင် ထိုင်နေ၏။ လေသည် ‌Abyssထဲမှ တောင်ထိပ်အထိ ဖြတ်ကျော်လာကာ အဆုံးတွင် သူ၏ဆံပင်ဖြူဖြူတို့အား ဖြတ်သန်းတိုက်ခတ်သွားသည်။

ရှောင်မော်ကူးWhere stories live. Discover now