အခန်း (၉)
တန်ဖိုးဆိုတာ ဘာလဲ၊ သူဌေးရှောင်ရဲ့ အနောက်ကိုသာလိုက်
"ဘာမှမဟုတ်ဘူး"
အန်းကျယ် အနောက်သို့ခြေတစ်လှမ်း ထပ်မံဆုတ်လိုက်၏။ သူ့၏ကျောပြင်သည် ပလတ်စတစ်အချပ်ပြားနှင့် ထိကပ်သွားသည်။
"ကျွန်တော် လမ်းမှားသွားတာ"
"လမ်းမှားသွားတာ?"
အမျိုးသမီးသည် အံ့ဩသွား၏။
"ဒုတိယမြေအောက်ထပ်က လောင်းကစားရုံလေ။ မင်းက ဘယ်ကိုသွားချင်တာလဲ"
သူ၏ ညာဘက်လက်ချောင်းများ အကြားတွင် စီးကရက်တစ်လိပ်အား ညှပ်ထားသည်။ စီးကရက်ကို သူ့၏အနီရောင်နှုတ်ခမ်းလွှာတို့နှင့် ရှိုက်ယူလိုက်ကာ ပြုံးပြလာသည်။
"ကိုယ့်ကိုယ်ကိုယ် မဆုံးရှုံးအောင် သတိတော့ထားပေါ့"
အန်းကျယ် ဝေ့ဝဲကြည့်လိုက်၏။ သို့သော် အမျိုးသမီးကြောင့် သူသည် ထောင့်နေရာ၌ ရောက်ရှိနေသည်ဖြစ်ကာ ထွက်ဖို့ရန်မှာလည်း မဖြစ်နိုင်ပေ။ ဤလှပသော အမျိုးသမီးသည် Abyssထဲရှိ သားရဲကောင်များထက် ပို၍ ရင်ဆိုင်ရန် ခက်ခဲပေသည်။
"မကြောက်ပါနဲ့"
သူသည် ပါးစပ်အပြည့် အဖြူရောင် မီးခိုးငွေ့များကို မှုတ်ထုတ်လာ၏။
"တို့ မင်းကို မစားပါဘူး"
"ဒါဆို ကျွန်တော့်ကို သွားခွင့်ပေးလို့ရမလား"
ထိုအမျိုးသမီးက ထပ်ပြုံးသည်။
"သွားမယ်?"
သူသည် မျက်ခုံးပင့်လာ၏။
"ဘယ်မှ သွားစရာမရှိတဲ့သူတွေသာ တတိယထပ်ကို လာကြတာ။ ဒီကနေ ထွက်သွားရင် ဘယ်နေရာကိုများ မင်းသွားနိုင်မှာတဲ့လဲ"
ထို့နောက် သူသည် အန်းကျယ်၏ပုခုံးကို ကိုင်ကာ အန်းကျယ်အား အရှေ့သို့ဆွဲလိုက်၏။
"မင်း ဒီနေရာကို ကြောက်လို့လား။ ဒီနေရာမှာ မင်း ရှိစရာမလိုပါဘူး။ တို့ မင်းကို အခန်းကြီးကြီးတစ်ခန်း ပေးမှာပေါ့"
"ကျေးဇူးတင်ပါတယ်"
အန်းကျယ် ခေါင်းငုံ့လိုက်၏။