အခန်း (၂၀)
ထိုဆယ်ရက်သည် အမှန်ပင် သွေးလွှမ်းမြစ်များ ဖြစ်ခဲ့သည်
အော်ပရေတာ၏အသံအား ကြားလိုက်ရသည့် အခိုက်အတန့်တွင် လုဖုန်း၏ မျက်နှာအမူအရာသည် ပြောင်းလဲသွား၏။
သူသည် လှည့်ထွက်ကာ လျင်မြန်စွာ လျှောက်သည်။ မီးပြတိုက်သုတေသီသည် နောက်မှလိုက်ရန် အမြန်လှမ်းသည်။ မြို့တော်ကာကွယ်ရေးစခန်း၏ အပြင်ဘက်၌ ကားတစ်စီးရပ်ထားကာ တရားသူကြီးငယ်လေးတစ်ယောက်သည် ပြေးလာ၏။
"ဗိုလ်မှူး!"
လုဖုန်းသည် သူ့ကို ပြောလိုက်သည်။
"မြို့တော်ကာကွယ်ရေးစခန်းကို ကူညီပေးလိုက်"
"ဗိုလ်မှူး၊ ကျွန်တော်တို့ တရားခုံရုံးကို ခေါ်ဖို့ လိုလား"
လုဖုန်း၏ မျက်လုံးတို့သည် လမ်းမထက်ရှိ ကျိုးတိုးကျဲတဲလူများထံ ကျရောက်သွားသည်။
"မြို့တော်ဂိတ်ပေါက်တွေကို ပိတ်လိုက်။ ခရိုင် (၅) မှာ တွေ့ကြမယ်"
"ဟုတ်ကဲ့"
တရားသူကြီးသည် ပြန်ဖြေ၏။
"ဗိုလ်မှူး၊ လုံခြုံရေးကိုဂရုစိုက်ပါ"
လုဖုန်းသည် ဘာမှမပြောပေ။ သူသည် တံခါးကို ဆောင့်ပိတ်လိုက်ကာ အင်ဂျင်ကို စတင်လိုက်၏။ ထို့နောက် စတီယာရင်အား ဆွဲလှည့်လိုက်ရာ အနက်ရောင်ကားသည် လျင်မြန်စွာပင် လှည့်ထွက်သွား၏။ မြားတစ်စင်းအလား ခရိုင်(၁)ရှိ ဖြိုခွင်းရေးစင်တာထံသို့ ဦးတည်မောင်းနှင်သွားသည်။ ဟောင်းဝါ့ဒ်၏ကားနှင့် မြို့တော်ကာကွယ်ရေးစခန်း၏ သံချပ်ကာယာဉ်တို့သည်ကား အနောက်မှ နီးကပ်စွာ လိုက်ပါသွားကြ၏။
အနောက်ထိုင်ခုံတွင် သုတေသီသည် ဆက်သွယ်ရေးစက်ကို ကိုင်ထားလျက် တစ်ယောက်ယောက်ကို စကားပြောနေကာ သူသည်လည်း မေးမြန်းခြင်းခံနေရသည်။
"သူတို့ ဖြိုခွင်းရေးစင်တာဆီ သွားနေကြတာ"
သုတေသီကပြောသည်။
"ကျွန်တော်တို့ အဆိုးဆုံးကို ပြင်ဆင်ထားရမယ်"
"အခု နှုန်းလွန်အသံလှိုင်း ဖြိုခွင်းရေးစက်တွေကနေ သုံးတဲ့ အထူးကြိမ်နှုန်းလှိုင်းတွေက အင်းဆက်တွေနဲ့ငှက်တွေကို မောင်းထုတ်နိုင်ပေမဲ့ မြေအောက်သတ္တဝါတွေကိုတော့ ဆွဲဆောင်နေတယ်လို့ သံသယရှိနေတယ်။ ဒါက ကြိုတင်စီစဉ်ထားတဲ့ တိုက်ခိုက်မှုဖြစ်နိုင်တယ်"