« ၃၆ »

198 35 0
                                    

အခန်း (၃၆)

ဒါဆို《နှင်းဆီမူဝါဒကြေညာစာတမ်း》ကို မသိဘူးပေါ့

"တီ--"

"တီ--"

"တီ--"

မည်သည့်နေရာမှ အသံ ထွက်ပေါ်လာသည်ကို သူမသိသော်ငြား စက်ကိရိယာကမူ အတက်အကျ ကင်းမဲ့သော အသံတစ်ခုကို ပြုလုပ်နေ၏။ သို့ပေသည့် အခန်းထဲတွင် အခြားအသံတစ်သံလည်း ရှိနေသည်။

"ဒုတ်ဒုတ်"

"ဒုတ်ဒုတ်"

"ဒုတ်ဒုတ်"

၎င်းသည် လူသားတစ်ဦး၏ နှလုံးခုန်သံနှင့်တူသော်ငြား မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အသံသည် အခန်းတစ်ခုလုံး၌ စိမ့်ဝင်ပျံ့နှံ့နေသောကြောင့်ပင်။ အခန်းနံရံလေးဘက်စလုံး၏ ထောင့်များတွင် အသံထွက်ပေါ်စေသည့်စက်များ ရှိပုံရ၏။

ထိုအခိုက်အတန့်တွင် အခန်း၏အဆုံးမှ ခြေသံများထွက်ပေါ်လာ၏။ လူနှစ်ယောက်ဖြစ်သည်။ သူတို့သည် လမ်းလျှောက်နေရင်း စကားပြောလျက်ရှိကာ တစ်စုံတစ်ခုကို မှတ်တမ်းတင်နေပုံရ၏။

ခေတ္တကြာပြီးသည့်နောက် တိုတောင်း‌သော စကားသံတစ်သံ ထွက်ပေါ်လာသည်။

"ဇုန်(၄) ပုံမှန်"

"ဇုန်(၆) ပုံမှန်"

"နံပါတ်(၁၁၃)က ဖွံ့ဖြိုးမှု ရပ်တန့်သွားပြီ"

"ဆက်စစ်ဆေးပါ"

"နံပါတ်(၃၃၄)က မူမမှန်ဘဲ တိုးပွားနေလို့ သေချာပေါက် ဖျက်ဆီးပစ်ရမယ်"

"နံပါတ်(၃၃၄)က အရမ်းအစောကြီး ဖောက်ထွင်းမြင်နေရတယ်"

"နည်းလမ်းမရှိဘူး။ နောက်ဆုံးအစီရင်ခံစာကို အတည်မပြုရသေးဘူး။ ပြီးတော့ အထက်လူကြီးတွေက မူမမှန်နှုန်းမြင့်တာကို မွေးဖွားနှုန်းမြင့်တာနဲ့ ခုနှိမ်ဖို့ ဆုံးဖြတ်ထားကြတယ်"

"လွန်ခဲ့တဲ့နှစ်နှစ်အတွင်း သန္ဓေသားမူမမှန်နှုန်းက ပိုပိုတိုးလာတာ။ ဒါက အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ ဖွံ့ဖြိုးမှုအောင်မြင်တာ သေချာဖို့အတွက် သန္ဓေသားက မိခင်နဲ့ အနည်းဆုံးတစ်လနေရမှာ"

ရှောင်မော်ကူးWhere stories live. Discover now