အခန်း (၂၉)
“အဲဒါတွေကြောင့်တော့ ကျွန်တော် ခင်ဗျားကို မမုန်းပါဘူး”
အန်းကျယ်သည် နေရာတွင် ရပ်နေ၏။
ညနေခင်းလေညင်းသည် သူ၏ဆံပင်ကို တိုက်ခတ်သွားသည်။
ဧဒင်ဥယျာဉ်တံဆိပ်နှင့် ငွေရောင်ကားသည် ထောင့်နေရာတွင် ထိုးကွေ့ကာ သူတို့အရှေ့၌ ရပ်သွားသည်ကို သူ ကြည့်နေ၏။ လုပ်ငန်းခွင် အဖြူအဝတ်နှင့် လူတစ်ယောက်သည် အလျင်အမြန်ဆင်းလာကာ လုဖုန်းထံမှ ကလေးမလေးကို ခေါ်ယူလိုက်သည်။
“ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”
လုဖုန်းသည် ပေါ့ပေါ့တန်တန်ပင်ဆို၏။
“နောက်ဆိုသတိထားပေါ့”
ထိုသူသည် ကားဆီသို့ပြန်သွား၏။
“ဒီအကြိမ်က မတော်တဆပါ”
ထို့နောက် သူသည် ဘာမျှမဆိုတော့ဘဲ ကားတံခါးကို ပိတ်ကာ အရှိန်တင်လျက် ဧဒင်ဥယျာဉ်ရှိရာသို့ တစ်ဟုန်ထိုး မောင်းနှင်သွားသည်။
လုဖုန်းသည် အနောက်သို့လှည့်လာ၏။
ဒေါသနည်းနည်းထွက်နေသည်ဟု အန်းကျယ်ခံစားရသည်။
ထို့နောက် လုဖုန်းသည် သူ့ကို ပေါ့ပေါ့တန်တန် ကြည့်ကာ ဆိုလာသည်။
“ငါကလူကောင်းတစ်ယောက်?”
အန်းကျယ်သည် နောက်ဆုံးတွင်တော့ သူ၏စိတ်အခြေအနေအား မည်သို့ ဖော်ပြရမည်ကိုသိသွား၏။
အကယ်၍ မှိုတွင် ခံစားချက်ဟူသည် ရှိပါက လုဖုန်းသည် သူ၏ခံစားချက်အား လှည့်စားနေခြင်းဖြစ်သည်ဟု သူ ခံစားရသည်။
ထိုသူအား သူ ဆက်၍ ဂရုမစိုက်လိုတော့။ သူ လှည့်ထွက်ကာ လမ်းမထက် လျှောက်သွားသည်။
ခြေလှမ်းမည်မျှမှ မလှမ်းရသေးမီ သူ၏ပုခုံးသည် အဖိခံလိုက်ရ၏။
“လမ်းပြ”
လုဖုန်းကပြောသည်။
“နေတဲ့နေရာကို ဘယ်လိုပြန်ရမလဲ ငါ မသိဘူး”
အန်းကျယ် : “?”
သူမေးလိုက်သည်။
“ခင်ဗျား လမ်းမမှတ်မိဘူးလား”