နှင်းဆီ
ကံကြမ္မာသည် ကမ္ဘာလောကကြီးထဲတွင် ရွေ့လျားလွင့်ပါးနေသည်
======ပထမနှင်းဆီ၊ (၂၁၀၃)။
"အမေတို့မှာ အခြားနည်းလမ်းမရှိတော့ဘူး"
"ကမ္ဘာပေါ်မှာရှိရှိသမျှ အရာရာတိုင်းက လူသားမျိုးနွယ်ကို ဖျက်ဆီးဝါးမျိုနေပြီး၊ အမေတို့ရဲ့အရေအတွက်က တစ်နေ့တခြား ကျဆင်းလာတယ်"
"ကလေး"
မဒမ်လုသည် သူ့၏ရင်ဘတ်ထက်မှ ရွှေရောင်နှင်းဆီတံဆိပ်ကို ယူလိုက်ကာ လက်ဖဝါးပေါ်သို့ တင်လိုက်ပြီး၊ လက်ချောင်းတို့အား ဖြည်းဖြည်းချင်း ပိတ်ချလိုက်သည်။ နှင်းဆီအစစ်အား ထိတွေ့နေရသကဲ့သို့ နှင်းဆီပွင့်ချပ်တို့၏ မို့မောက်နိမ့်ဝှမ်းကာ နူးညံ့သော ကောက်ကြောင်းတို့ကို သူ ခံစားမိနေသည်။
"ဒီခေတ်ကြီးကို တိုက်ခိုက်ဖို့အတွက် လူတိုင်း ရရာလက်နက် ကိုင်စွဲရလိမ့်မယ်"
သူ(မ)၏အသံသည် ရေလှိုင်းများအလား သာယာညင်းပျောင်းလှ၏။
"ဒါပေမဲ့ မေမေ ဘာမှမရဘူးလေ၊ မေမေ"
"တစ်ဦးတစ်ယောက်ချင်းကတော့ အဲဒါကနေ အကျိုးအမြတ် မရနိုင်ဘူး။ ဒါက လူသားမျိုးနွယ်တစ်ခုလုံးအနေနဲ့ အကျိုးခံစားရမှာလေ။ လူသားမျိုးနွယ်က မကောင်းတဲ့အခြေအနေကို တဖြည်းဖြည်းချင်း ဖယ်ထုတ်ပစ်လိုက်ရင် အမေတို့လည်း တစ်ယောက်ချင်းစီအနေနဲ့ ပိုပြီးကောင်းလာလိမ့်မယ်၊ အခုကစပြီး နောင်နှစ်ရာချီမှဆိုရင်တောင်ပေါ့။ ဒါပေမဲ့ အမှန်တရားကတော့ တစ်ယောက်ယောက်ကို ကယ်တင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်လည်း ကယ်တင်လိုက်လိမ့်မယ်"
"ဒါပေမဲ့ အမေတို့ရဲ့ကယ်တင်ရှင်က အခြားလူတကာတိုင်းရဲ့ ကယ်တင်ရှင်ထက် အများကြီးနောက်ကျနေတဲ့ အခြေအနေတစ်ခုဆိုတာကိုတော့ အမေတို့ ငြင်းလို့မရဘူးပေါ့"
သူ(မ)ကဆိုသည်။
"အဲဒါက အမေတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လက်နက်ကိုင်စွဲရမဲ့အချိန်ပေါ့"
"အဲဒီနေ့ ရှိလာမှာလား၊ မေမေ"
"တစ်နေ့တော့ ရှိလာမှာပါ"