Chapter 41

39.8K 3K 88
                                    

ရေချိုး မျက်နှာသစ်ပြီး ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် အိပ်ရာပေါ်မှာ စောင်က အထွေးလိုက်မခေါက်ဘဲ ပုံနေသည်။

သတိုးလက်ချက်..

အိပ်ရာထထချင်း နေရှင်းခ စောင်ကိုရော အိပ်ရာကိုသာ သေချာ ခေါက်သိမ်းပြီးမှ ရေချိုးခန်းဝင်ခြင်းဖြစ်သည်။ ဘယ်အချိန်က အိပ်ရာထဲပြန်ဝင်ကာ ဗြောင်းဆန်သွားအောင် လုပ်ပြီးမှ ပြန်ထွက်သွားသည်မသိ။ နေရှင်းခ စောင်ကို ပြန်ဖြန့်ခါကာ နောက်တစ်ကြိမ် ပြန်ခေါက်ရပြန်ပြီဖြစ်သည်။

"သတိုး.."

"ဘာလဲ.."

အခန်းအပြင်မှထူးသံ။ အခန်းထဲမ၀င်လာသေး။

"အိပ်ရာကို ငါ တစ်နေ့ဘယ်နှစ်ခေါက်လောက် ခေါက်သိမ်းနေရမှာလဲကွ..."

အခန်းထဲဝင်လာသော သတိုးက ရှပ်အကျီင်္လက်ရှည်ကို လက်ခေါက်ဝတ်ကာ ရင်ဘတ်ကြယ်သီးတပ်နေသည်မို့ နေရှင်းခ မျက်ခုံးနည်းနည်း မြင့်တက်သွားသည်။

"မင်း ဘယ်သွားမလို့လဲ.."

ဒီနေ့ သတိုး ကျောင်းတက်စရာမလို။ ပြီးတော့ အပြင်သွားတိုင်း ရှပ်အကျီင်္ကို သတိုး ဘယ်တော့မှမ၀တ်။ ဘောင်းဘီတို အကျီင်္လက်ပြတ်နှင့် ပေါ့ပေါ့ပါးပါးသာ ၀တ်ဆင်တတ်သည်။ အခုတော့ ရှပ်အကျီင်္လက်ရှည်နှင့် ပုဆိုးနှင့်ဖြစ်သည်။ အလုပ်အင်တာဗျူးသွားဖြေမည့် လူငယ်ရုပ်ပေါက်နေသော သတိုးကို သူ မအံ့သြဘဲမနေနိုင်။

"ဖေဖေ့ဆီသွားမလို့.."

နေရှင်းခ အခုမှ သဘောပေါက်သည်။ သတိုး ဖခင်ဖြစ်သူကို ဘယ်လောက်အလေးထားသည်ကို ၀တ်စားပုံကြည့်ကတည်းက သူ နားလည်မိသည်။ မျက်ခုံးမှာ အမြဲရှိနေသည့် piercing ကိုပါ ဖြုတ်ထားသည့် သတိုးမျက်နှာသည် ရှင်းသန့်နေသည်။

"မင်း အလုပ်သွားဖို့ လိုသေးတယ် မဟုတ်လား.. ငါနဲ့ လိုက်ခဲ့လေ.."

"အင်း.. လိုက်ခဲ့မယ်.. ဒါပေမယ့် နည်းနည်းတော့ မျက်နှာပူသလိုပဲ.."

နေရှင်းခ အပြောကြောင့် သတိုးရယ်ပြီး သူ့ပါးကို မခံချင်အောင် ဆွဲဆိတ်လာသည်။

"အဲဒါဆိုလည်း ရေခဲကပ်ပြီး လိုက်ခဲ့.. အကျီင်္မြန်မြန်လဲကွာ.... နောက်ကျနေပြီ..."

ကြယ်တွေကြွေသောညWhere stories live. Discover now