Sequel 8 (Unicode)

22.3K 2K 63
                                    

အိမ်ရှေ့မှာ ကားရပ်ရပ်ချင်း နေရှင်းခကို သတိုး တွဲမထုတ်နိုင်သေး။ ရှိသမျှ တံခါးများအားလုံးကို အဆင်သင့်ဖြင့်အောင် အားလုံးဖွင့်ပြီးမှ ကားခေါင်းခန်းထဲမှ နေရှင်းခကို သွားတွဲရသည်။ နေရှင်းခမှာ မူးပြီး အိပ်ပျော်နေတာမဟုတ်။ တစ်လမ်းလုံး သီချင်းတွေ ဆိုလာသည်။ အခုကားရပ်ပြီးမှ အသံတိတ်သွားခြင်းဖြစ်သည်။ ဒါတောင် ငြိမ်ငြိမ်နေတာတော့မဟုတ်။ ဒူးနှစ်ဖက်ကို လက်ဖြင့်ပုတ်ကာ စည်းချက်ရိုက်နေသည်။

"ရှင်းခ... မင်း လမ်းလျှောက်နိုင်လား။"

"လမ်းမလျှောက်ချင်ဘူး။ ငှက်တွေလို ပျံသွားချင်တယ်။"

"အေးပါကွာ။"

သေချင်စိတ်ပေါက်သည်မှာ ဒါမျိုးကိုပင် ခေါ်သည်ဖြစ်မည်။ သတိုး တော်တော်လေးကို စိတ်ညစ်နေပြီဖြစ်သည်။ နေရှင်းခကို ကားခေါင်းခန်းမှ အတင်းဆွဲချကာ ကားတံခါးကို ခြေထောက်ဖြင့် နောက်ပြန်ကန်ကာ ပိတ်ရသည်။ ခြံတံခါးကိုလည်း လက်တစ်ဖက်ဖြင့် ပိတ်ရသည်။ ယိမ်းထိုးနေသော နေရှင်းခကြောင့် နှစ်ယောက်စလုံး ပြုတ်ကျမလိုဖြစ်တာလည်း အကြိမ်ကြိမ်။ အခန်းထဲရောက်မှ ကုတင်ပေါ်လှဲပေးဖို့ပြင်ပေမယ့် နေရှင်းခ သူ့ကိုတွန်းထုတ်သည်။

"ရေသွားချိုးမယ်။"

"ဘာ.."

"ရေချိုးခန်းထဲမှာ ငါ သီချင်းဆိုချင်တယ်။"

"ဟာကွာ။"

သတိုး အကျယ်ကြီး အော်ခြင်းဖြစ်သည်။ သည်းခံနိုင်မှုအတိုင်းအတာက ကျော်နေပြီ။ ကုတင်ပေါ် ကောင်းကောင်းလှဲကာ အိပ်ပျော်သွားလျှင် အကောင်းဆုံးဖြစ်မည်။ သူ့အစီအစဉ်ကိုတော့ စိတ်လျှော့ထားလိုက်ပြီ။ ဒီလောက်မူးနေတာ မနက်ကျလျှင် ဒီကောင် ဘာမှမှတ်မိမှာမဟုတ်။ နေရှင်းခရဲ့ ပထမဆုံးအကြိမ်ကို သူ ဒီလောက်နှစ်များစွာကြာအောင် စောင့်လာခဲ့သည်မှာ မူးနေတုန်း ရှေ့ဆက်တိုးဖို့မှ မဟုတ်တာ။

"မင်း အိပ်တော့ ရှင်းခ။"

"မအိပ်ဘူး။ ရေချိုးမယ်။"

နေရှင်းခ သူ့ရှပ်အကျီင်္မှ ကြယ်သီးတစ်လုံးကို ဖြုတ်ရန်ကြိုးစားသည်။ လက်က ကြယ်သီးနေရာမှာမဟုတ်ဘဲ ရှပ်အကျီင်္အစကိုသာ ဆွဲဆိတ်နေသည်ကိုတော့ သူ့ဘာသာသူ သိဟန်မတူ။ ခေါင်းကြီးငုံ့ကာ ရှေ့တိုးနောက်ဆုတ်ဖြင့် ယိုင်ထိုးနေသည်ကိုကြည့်ရင်း သတိုး စိတ်လျှော့လိုက်ရသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now