Chapter 34

55.6K 3.7K 237
                                    

အားလုံးပဲ မင်္ဂလာပါနော်။ ပြန်တွေ့ရလို့ ၀မ်းသာပါတယ်. မမွန် သူငယ်ချင်း အားလုံးကို၊ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ချစ်ညီမလေး သုန်ကို ဒီကနေ ကျေးဇူးတင်စကား ထပ်ပြောလိုက်ပါတယ်။ ဒီ အပိုင်းက အခန်း ၃၃ အပြီး ပြိုင်ပွဲညမတိုင်မီ အချိန်ကနေ ပြန် ဆက်ရေးထားတာပါ။

အားလုံးပဲ ပျော်ရွှင်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(အကြင်နာမွန်)

............................................

............................................

နေရှင်းခ ခေါင်းမှ ဦးထုပ်အဖြူကို ဆွဲချွတ်လိုက်ပြီး လေပူတစ်ချို့ကို မှုတ်ထုတ်လိုက်သည်။ ငိုက်ကျလာသောဆံပင်များကို တစ်ချက်သပ်တင်ချိန်မှာ ချွေးများဖြင့် စိုနေသည်ကို သတိထားမိလိုက်သည်။ ချက်ချင်းလိုလို ရေပိုက်အောက်မှ ရေအေးအေးဖြင့် ရေချိုးချင်စိတ်ဖြစ်လာသည်။

အလုပ်မစခင်က ချွတ်ပြီးဘောင်းဘီအိတ်ထဲထည့်ထားသော လက်ပတ်နာရီကို ပြန်ထုတ်ဝတ်ချိန်မှာတော့ ညည့် ဆယ့်နှစ်နာရီပင် ထိုးတော့မည်ကိုပါ တွေ့လိုက်သည်။

ဒီညလည်း သူ ညည့်နက်ပြန်ပြီဖြစ်သည်။

ဒါတောင် ဒီည ညစာစားသူ သိပ်မများ။ ဟိုတယ်မှာတည်းခိုသူ ဧည့်သည်တစ်ချို့သာရှိပြီး အပြင်မှလာရောက်စားသုံးသူ မရှိ၍ တော်တော့သည်။ ဒါပေမယ့် ဒီအလုပ်က ဧည့်သည်များများ၊ မများများ appetizer မှ အချိုပွဲအထိ စောင့်ပေး၊ ပြင်ရေးရသည်မို့ အချိန်ကြာသည်ကတော့ အတူတူ။ ပြီးတော့ အခုအချိန်မှာ နေရှင်းခ ဆရာမရှိချိန်မို့ တာဝန်အားလုံး second chef ဖြစ်သော သူ့ ခေါင်းပေါ်မှာဖြစ်သည်။

အဖြူရောင် ကျောက်ပြားများကပ်ထားသည့် Kitchen ကြီးသည် ကျယ်ပြန့်တောက်ပြောင်နေသည်။

ပန်းကန်ဆေးစက်ဘေးမှာ ဆေးစရာ ပန်းကန်များမရှိတော့။ ဒါပေမယ့် နောက်ဆုံးလက်ကျန်ဆေးရမည့် အိုးကြီးများနှင့် အစာထည့်သည့် ဖန်ဗူးများရှိနေသည်။ အနက်ရောင် ဘောင်းဘီရှည်၊ ရှပ်အကျီင်္လက်ဖြူနှင့် ကုတ်လက်ပြတ် အနက်ရောင် ထပ်ဝတ်ထားသော စားပွဲထိုးလေးနှစ်ယောက်ကတော့ မီးဖိုထောင့်တွင် ပန်းကန်ဆေးစက်မှ ထုတ်ပြီးသား ဓါးနှင့်ဇွန်းများကို အ၀တ်သန့်တစ်ခုနှင့် ပြန်သုတ်နေကြသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now