Sequel 34 (Unicode)

17.6K 1.5K 85
                                    

ကားနီလေးသည် ကတ္တရာလမ်းမကြီးအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်နေသည်။ အကွေ့နေရာမှာလည်း အရှိန်ကို အနည်းငယ်လောက်သာလျှော့ပြီး ဝူးခနဲ ကားကို ချိုးကွေ့မောင်းလာသည်။ တခြားကားများ၏ ဘရိတ်အုပ်သံ၊ ဟွန်းတီးသံများ ဆူညံသွားသော်လည်း ထက်ဝေယံ အနည်းငယ်မှ ဂရုမစိုက်။ မီးပွိုင့်မီးဝါကိုဖြတ်ကာ အရှိန်ကို ထပ်မြှင့်လိုက်သည်။

လက်ခေါက်တင်ထားသော ရှပ်လက်ရှည် အပြာနုရောင်ကို ထူးထူးဆန်းဆန်း ဝတ်ဆင်ထားသည်။ တွေ့နေကျ ပြူးပြူးထင်းထင်း ပုံစံမျိုးမဟုတ်။ ကားအမိုးကိုဖွင့်ထားပြီး မောင်းနေသောကြောင့် ထက်ဝေယံ၏ ဆံပင်တွေ ဖရိုဖရဲလွင့်ပါးနေသည်။ ကုတ်အကျီင်္ကော်လံများမှ တဖျတ်ဖျတ်လွင့်ကုန်သည်။ ရှေ့တည့်တည့်ကို စူးစိုက်ကြည့်ရင်း မောင်းနေသည်မှာ ဘေးနားတွင် လူပါသည်ဟုပင် ထင်ပုံမရှိ။ ပြည်လမ်းမကြီးပေါ်တွင် တရိပ်ရိပ်ပြေးနေသော ကားအနီလေးသည် အင်းယားကန်ဘောင်ကို ဖြတ်ကျော်ချိန်မှာတော့ နေရှင်းခ အံ့သြသွားသည်။ ကားနီလေး ဦးတည်နေရာသည် ပွင့်ယမုံ၏ အိမ်ရှိရာသို့မဟုတ်။

"ဝေယံ.. မင်း ဘယ်သွားနေတာလဲ။"

"မင်းကို ကားတင်ပြေးလာတာ။"

ထက်ဝေယံ၏ ရယ်သံသဲ့သဲ့ကို ကြားရသည်။

"ဝေယံ.."

"အား.. ဖြေးဖြေးအော်စမ်းပါကွာ။"

ထက်ဝေယံ နားထဲကို လက်သန်းထည့်ကာ နားကလော်ဟန်လုပ်သည်။ ထို့နောက် နေရှင်းခရှိရာ လှည့်ကြည့်ပြီး မျက်စိတစ်ဖက်မှိတ်ပြသည်။

"ယမုံ ဘယ်မှာလဲ။"

"ဒီအချိန်ဆို ပါး က ယမုံ့ကို ကားတင်ပြေးနေပြီ။ ယမုံက မင်းလိုတော့ ဂျီမကျဘူး။ လိမ်လိမ်မာမာ Pa နောက်လိုက်တယ်။"

"ဘာတွေ.."

နေရှင်းခ စကားမဆုံးလိုက်။ ထက်ဝေယံ အကျီင်္အိတ်ထဲမှ ဖုန်းမြည်လာသည်။ ထက်ဝေယံ ဖုန်းကို လှမ်းယူကာ နေရှင်းခကို တန်းပေးသည်။ တစ်ချက်ပင် ငုံ့မကြည့်။ နေရှင်းခ ဖုန်းဖြေချိန်မှာ လုံးလုံးမထင်ထားသော သူငယ်ချင်းမလေး၏ အသံက စွာကျယ်စွာ ထွက်ပေါ်လာသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now