Part 9 (Unicode)

32.4K 3K 102
                                    

ဆောင်းမနက်ခင်း၏ နေရောင်ခြည်သည် အုံ့ဆိုင်းသောမြူမှုန်များကြောင့် ပေါ်ထွက်မလာသေး။ ထူးဆန်းစွာမြူဆိုင်းသော မနက်ခင်းတစ်ခုဖြစ်သောကြောင့် ငှက်ငယ်များ၏ တေးဆိုသံပင် မထွက်ပေါ်လာသေးဘဲ အရာအားလုံးတိတ်ဆိတ်နေသေးသည်။

ခရစ်စမတ်နေ့...

အိပ်ရာမှနိုးနိုးချင်း သတိုး ပထမဆုံးသတိရမိသည်မှာ ယနေ့သည် ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ်စမတ်နေ့ဆိုတာကိုဖြစ်သည်။ ငယ်စဉ်ကတော့ ဒီလိုနေ့များဆို မျက်လုံးဖွင့်လျှင်ဖွင့်ချင်း ကုတင်ပေါ်မှ ဝုန်းဒိုင်းပြေးဆင်းကာ ခရစ်စမတ်သစ်ပင်အောက်မှ Santa Claus ထားခဲ့သည့် လက်ဆောင်ထုပ်ကို ပြေးဖွင့်မြဲဖြစ်သည်။ ညအချိန် မီးခိုးခေါင်းတိုင်မှ ဆင်းလာကာ တိတ်တဆိတ်ထားခဲ့သည့် လက်ဆောင်သည် သူ စာရေးတောင်းထားသည့်လက်ဆောင် ဟုတ်၊ မဟုတ် အရမ်း သိချင်ခဲ့ဖူးကာ စိတ်လှုပ်ရှားခဲ့ရဖူးသည်။ ထိုအချိန်တွေကို မလွမ်းမိတော့။ ခရစ်စမတ်ဘိုးဘိုးဆိုတာ ဒဏ္ဏာရီတွေထဲမှာသာရှိသည်ကို နားလည်သည့် လူကြီးဘဝကိုသာ ပိုမက်မောသည်။ သူ အိပ်မက်မက်၊ စိတ်ကူးယဉ်ရသည့်ကိစ္စတော်တော်များများကို မနှစ်ခြိုက်တော့။

ဘဝဆိုသည်မှာ စိတ်ကူးနှင့်လမ်းခင်းထားကာ တိမ်လွှာများခြံရံလျှောက်ရသည့် အိပ်မက်တစ်ခုမဟုတ်။

ကုတင်ဘေးစားပွဲထက်မှ မျက်မှန်ဝိုင်းကိုယူတပ်ကာ သတိုးအိပ်ရာမှ ထလာခဲ့သည်။ ညက midnight service ကို ဘုရားကျောင်းတွင်စောင့်ခဲ့၍ ညအိမ်ပြန်ရောက်ချိန်သည် ၁နာရီပင်ခွဲသွားခဲ့သည်။ အိပ်ပျက်ညတွေများနေပြီမို့ သတိုး စိတ်တွေမကြည်လင်။ သွားတိုက်၊ မျက်နှာသစ်ကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ထမင်းစားခန်းမှ စားပွဲမှာထိုင်နေသော ထမင်းချက်ဒေါ်စိန်မှလွဲလျှင် တစ်အိမ်လုံး ဘယ်သူမှရှိမနေ။

"ဒေါ်လေး ဘယ်သူမှမရှိဘူးလား။"

"ဘုရားကျောင်းသွားတယ်။ ပြီးရင်နေ့လယ်စာဖိတ်ထားတာရှိတယ်တဲ့။"

"အဖွားရော။"

"မင်းအန်တီနဲ့ လိုက်သွားတယ်။ ဒီလက်ဆောင်ခြင်းတောင်းကြီးကို သူ့ သူငယ်ချင်းတစ်ယောက်အိမ် ပို့ခိုင်းဖို့ ဒေါ်မေချို မင်းကိုခိုင်းသွားတယ်။"

ကြယ်တွေကြွေသောညWhere stories live. Discover now